အိုင်ယာလန်နိုင်ငံတစ်ခုလုံးကို Lockdown လုပ်ဖို့ မက်ဂရီဂေါ် တိုက်တွန်း

25-3-2020-yyl-005.jpg

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို တားဆီးနိုင်ဖို့အတွက် အိုင်ယာလန်နိုင်ငံတစ်ခုလုံးကို ပိတ်ဆို့မှု(Lockdown)လုပ်ဖို့ UFC ကြယ်ပွင့် မက်ဂရီဂေါ်က တိုက်တွန်းခဲ့ပါတယ်။ ပြီးခဲ့တဲ့အင်္ဂါနေ့မှာ အိုင်ယာလန်ဝန်ကြီးချုပ် ဗာရက်ဒ်ကာက တားဆီးပိတ်ပင်မှုသစ်တွေ မကြေညာခင် မက်ဂရီဂေါ်က သူ့ရဲ့ဖေ့ဘွတ်ခ်စာမျက်နှာမှာ အခုလိုတောင်းဆိုခဲ့တာပါ။ အိုင်ယာလန်အစိုးရက ပြည်သူတွေကို အိမ်ထဲမှာပဲ နေကြဖို့ တိုက်တွန်းထားပြီး အလုပ်လုပ်ဖို့၊ စျေးဝယ်ဖို့၊ အထိနာဖွယ်ရှိသူတွေကို စောင့်ရှောက်ပေးဖို့ အစရှိတဲ့ကိစ္စတွေအတွက်ပဲ အပြင်ထွက်ကြဖို့ တိုက်တွန်းထားပါတယ်။ အိုင်ယာလန်နိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု ဆိုးရွားမလာခင် တရုတ်နိုင်ငံလို ပိတ်ဆို့မှုတွေလုပ်ဖို့ လိုအပ်လိမ့်မယ်လို့ မက်ဂရီဂေါ်က ပြောပါတယ်။

”ကျွန်တော်တို့တွေ လုံးဝပိတ်ဆို့မှု လုပ်သင့်တယ်၊ မလုပ်သင့်ဘူးဆိုတာကို အငြင်းပွားနေကြပါတယ်။ ကျွန်တော်ကတော့ ပိတ်ဆို့မှုလုပ်သင့်တယ်လို့ ထင်ပါတယ်။ အငြင်းပွားနေရင်းနဲ့ အချိန်ကုန်နေတာ အချိန်ဖြုန်းသလိုပါပဲ။ အိုင်ယာလန်ပြည်သူတွေကို ကျွန်တော် တောင်းဆိုချင်တာကတော့ ဒီတိုက်ပွဲက ကျွန်တော်တို့အားလုံးကို လိုအပ်တယ်ဆိုတာပါပဲ။ ကျွန်တော်တို့အားလုံး အနီဒေါင့်မှာရှိနေပြီး ခေါင်းလုံးသံကို စောင့်နေကြတာပါ။ အဲဒီတော့ ကျွန်တော်တို့စုစည်းပြီး ကိုယ့်ဘာသာကိုယ် ခေါင်းလောင်းတီးလိုက်ရအောင်။ တကမ္ဘာလုံးက လူတွေ အပါအဝင်ပေါ့”လို့ မက်ဂရီဂေါ်က ပြောပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top