ဘင်ဖီကာကွင်းလယ်လူ ဖာနန်ဒက်စ်ကို ခေါ်ယူလိုက်တဲ့ စပါး

yyl-034-6.jpg

စပါးအသင်းဟာ ဘင်ဖီကာကွင်းလယ်လူ ဂတ်ဆန်ဖာနန်ဒက်စ်ကို ၁၈ လ အငှားစာချုပ်နဲ့ ခေါ်ယူလိုက်ပါတယ်။ အသက်(၂၁)နှစ်ရှိတဲ့ ဂတ်ဆန်ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ရာသီက ဘင်ဖီကာအသင်းအတွက် ပွဲထွက်ခွင့်ရခဲ့ပြီး ပြိုင်ပွဲစုံ(၅၃)ပွဲအထိ ပါဝင်ကစားခွင့်ရခဲ့ပါတယ်။ ဂတ်ဆန်ဖာနန်ဒက်စ်ကို ခေါ်ယူတဲ့စာချုပ်မှာ ခြေစွမ်းသဘောကျရင် အပြီးသတ်ခေါ်ယူမယ်ဆိုတဲ့ အချက်ပါဝင်နေပါတယ်။ ဂတ်ဆန်ဖာနန်ဒက်စ်ဟာ နည်းပြမော်ရင်ဟိုလက်ထက်မှာ စပါးအသင်း ပထမဆုံး ခေါ်ယူခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။ ပေါ်တူဂီအသင်းအတွက် ပွဲစဉ်(၂)ပွဲ ပါဝင်ကစားခွင့်ရခဲ့တဲ့ ဂတ်ဆန်ဖာနန်ဒက်စ်ဟာ အောက်တိုဘာလ ၃၀ ရက်က ပေါ်တူဂီလိဂ်ပွဲစဉ်မှာ ပွဲထွက်ခွင့်ရခဲ့ပြီးနောက်ပိုင်း ဦးစားပေးကစားသမားစာရင်းကနေ ဖယ်ရှားခံခဲ့ရပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top