ဂျူဗင်တပ်ကွင်းလယ်လူ ပီဂျာနစ်ကို ခေါ်ယူလိုက်ပြီလို့ ဘာစီလိုနာအသင်းက အတည်ပြုခဲ့ပါတယ်။ ဘာစီလိုနာအသင်းက သူတို့ရဲ့ကွင်းလယ်လူ အာသာကို ယူရို ၇၂ သန်း(ဆုကြေးခံစားခွင့် ယူရို ၁၀ သန်း ထပ်ပေးရမည်)နဲ့ ဂျူဗင်တပ်အသင်းထံ ရောင်းချလိုက်ပြီလို့ အတည်ပြုခဲ့ပြီးနောက်မှာ ပီဂျာနစ်ရဲ့ အပြောင်းအရွှေ့ကို အတည်ပြုခဲ့တာပါ။ ပီဂျာနစ်ကို ခေါ်ယူဖို့ ချုပ်ဆိုခဲ့တဲ့စာချုပ်အရ ဘာစီလိုနာအသင်းက ယူရို ၅၉ သန်းအထိ ပေးချေရဖို့ ရှိနေပါတယ်။
ဘာစီလိုနာနဲ့ ဂျူဗင်တပ်ဟာ အာသာနဲ့ ပီဂျာနစ်ကို အလဲအထပ်လုပ်ဖို့ သီတင်းပတ် တော်တော်ကြာအောင် ဆွေးနွေးခဲ့ပေမဲ့ အစောပိုင်းမှာ အာသာက ဂျူဗင်တပ်ကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်ခဲ့ခြင်း မရှိပါဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့တနင်္လာနေ့မှာတော့ ကွင်းလယ်လူနှစ်ယောက်ကို အလဲအထပ်လုပ်ဖို့ သဘောတူညီမှု ရရှိခဲ့တာပါ။ ပီဂျာနစ်က ဘာစီလိုနာနဲ့အတူ ၄ နှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး အဲဒီစာချုပ်အရ ထွက်ခွာခွင့်အချက်က ယူရိုသန်း ၄၀၀ တန်ကြေးရှိပါတယ်။ ဒါပေမဲ့ ပီဂျာနစ်ဟာ ဒီရာသီကုန်အထိ ဂျူဗင်တပ်အသင်းမှာ ဆက်ရှိနေမှာပါ။
Nz ( ရိုးရာလေး)