ခွဲစိတ်မှုခံယူရမယ့် ဟာရီကိန်း ဧပြီလအထိ အနားယူရမယ်

6-2.jpg

တံကောက်ကြောဒဏ်ရာကြောင့် ခွဲစိတ်မှု ခံယူရမယ့် စပါးတိုက်စစ်မှူး ဟာရီကိန်းကတော့ ဧပြီလအထိ အနားယူရတော့မှာဖြစ်ပါတယ်။ အသက်(၂၆)နှစ်ရှိတဲ့ ဟာရီကိန်းဟာ နှစ်သစ်ကူးနေ့က ဆောက်သမ်တန်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာရခဲ့တာပါ။ အစောပိုင်းမှာ ဟာရီကိန်း ပြန်ကစားနိုင်မယ့်ရက်ကို ထုတ်ပြန်ခဲ့ခြင်းမရှိပါဘူး။ အခုအခါမှာတော့ အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းအနေနဲ့ ခွဲစိတ်မှုခံယူဖို့ လိုအပ်တယ်လို့ အထူးကုတွေက အကြံပြုခဲ့ပါတယ်။ သူဟာ ယူရို-၂၀၂၀ မတိုင်မီ နှစ်လအလိုဖြစ်တဲ့ ဧပြီလကျမှပဲ လေ့ကျင့်ခန်း ပြန်ဆင်းနိုင်မှာပါ။

ဟာရီကိန်းဟာ ဒီရာသီမှာ ကလပ်နဲ့ နိုင်ငံအတွက် (၃၁)ပွဲ ကစားပြီး (၂၇)ဂိုး သွင်းယူနိုင်ခဲ့သူပါ။ စပါးအသင်းဟာ လက်ရှိအချိန်မှာ အဆင့်(၄)နေရာက ချဲလ်ဆီးထက် (၆)မှတ်နည်းနေပြီး အဆင့်(၆)နေရာမှာ ရပ်တည်နေပါတယ်။ ဧပြီလအထိ အနားယူရမယ့် ဟာရီကိန်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် တော်တော်များများ လွဲချော်ရမှာဖြစ်ပြီး လစ်ဇစ်အသင်းနဲ့ ကစားရမယ့် ချန်ပီယံလိဂ် (၁၆)သင်းအဆင့် ပွဲစဉ်မှာလည်း ပါဝင်ကစားနိုင်မှာမဟုတ်ဘူး။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top