ဘာစီလိုနာက ရော်နယ်ကိုးမန်းရဲ့ လက်ထောက်နည်းပြအဖြစ် ဟင်းနရစ်လာဆင်ကို ခန့်အပ်ဖွယ်ရှိ

19-8-2020-yyl-023.jpg

ဘာစီလိုနာအသင်းက ဟော်လန်နည်းပြ ရော်နယ်ကိုးမန်းကို နည်းပြအဖြစ် ခန့်အပ်ပြီးရင် ဆွီဒင်တိုက်စစ်မှူးဟောင်း ဟင်းနရစ်လာဆင်ကို လက်ထောက်နည်းပြအဖြစ် ခန့်အပ်ဖွယ်ရှိနေတယ်လို့ ဒေးလီးမေးလ်သတင်းစာက ဖော်ပြပါတယ်။ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ဘိုင်ယန်မြူးနစ်အသင်းကို ၈-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက်ဘာစီလိုနာအသင်းက နည်းပြ ဆက်တီယန်ကို ရာထူးကနေ ထုတ်ပယ်ခဲ့ပါတယ်။ ဆက်တီယန်ရဲ့ နေရာမှာ ရော်နယ်ကိုးမန်းကို အစားထိုးမယ်လို့ ဘာစီလိုနာဥက္ကဋ္ဌ ဘာတိုမြူက အတည်ပြုထားပါတယ်။

လာဆင်ဟာ ဆွီဒင်ကလပ် ဟယ်ဆင်ဘော့အသင်း နည်းပြရာထူးကနေ နုတ်ထွက်ပြီးနောက်ပိုင်း ဘောလုံးလောကကနေ တစ်နှစ်ကြာ ကင်းကွာနေသူပါ။ ရော်နယ်ကိုးမန်းနဲ့ လာဆင်တို့ဟာ ဘာစီလိုနာအသင်းမှာ ကစားခဲ့သူတွေဖြစ်ပြီး ၁၉၉၅ ခုနှစ်ကနေ ၁၉၉၇ ခုနှစ်ကြားကာလအတွင်း ဖီယင်နုအသင်းမှာ တွဲဖက်ကစားခဲ့ဖူးပါတယ်။ ၂၀၀၄ ခုနှစ်မှာ ဆဲလ်တစ်ကနေ ထွက်ခဲ့တဲ့ လာဆင်ဟာ ဘာစီလိုနာမှာ ၂ ရာသီကြာ ကစားခဲ့တဲ့ကာလအတွင်း လာလီဂါဖလား ၂ လုံး၊ ချန်ပီယံလိဂ်ဖလားတစ်လုံး ဆွတ်ခူးနိုင်ခဲ့ပြီး ၅၉ ပွဲမှာ ၁၉ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top