ဆောင်းရာသီအတွက် အဝါရောင်ဘောလုံးကို ပြောင်းလဲအသုံးပြုမယ့် ပရီးမီးယားလိဂ်

yyl-2-10-004.jpg

ဒီတစ်ပတ်ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ဆောင်းရာသီအတွက် ဖန်တီးထားတဲ့ အဝါရောင်ဘောလုံးကို ပြောင်းလဲအသုံးပြုတော့မှာ ဖြစ်ပါတယ်။ Nike ကုမ္ပဏီက ထုတ်လုပ်တဲ့ Hi-Vis Merlin ဘောလုံးဟာ အဝါရောင်ဖြစ်လို့ ဆောင်းတွင်းမှာ မြင်နိုင်စွမ်း ပိုကောင်းပါတယ်။ ဒီရာသီအတွက် ဖန်တီးထားတဲ့ Hi-Vis ဘောလုံးကတော့ ဟိုးအရင်က အသုံးပြုခဲ့ဖူးတဲ့ Total 90 ဘောလုံးကို ပြန်အမှတ်ရစေမယ့် ဒီဇိုင်းမျိုးပါ။ ၂၀၀၄-၂၀၀၅ ရာသီကစပြီး ပရီးမီးယားလိဂ်မှာ ဆောင်းရာသီဘောလုံးတွေ စတင်အသုံးပြုခဲ့တာပါ။

အဲဒီအချိန်ကစပြီး ဆောင်းရာသီရောက်လာနဲ့ ဘောလုံးပြောင်းလဲကစားတဲ့ ဓလေ့ထုံးစံဖြစ်လာခဲ့ပါတယ်။ တကယ်တော့ ဆောင်းရာသီဘောလုံးပြောင်းလဲကစားတာဟာ အရောင်ပြောင်းလဲရုံပဲ မဟုတ်ပါဘူး။ ကိန်းဂဏန်းအချက်အလက်တွေအရဆိုရင် ပရီးမီးယားလိဂ်ကြယ်ပွင့်တွေက ဆောင်းရာသီဘောလုံးနဲ့ ပိုအစွမ်းပြနိုင်တယ်လို့ ယူဆစရာရှိပါတယ်။
ဆာလာဟာ လီဗာပူးကို စရောက်တဲ့ရာသီက ဆောင်းရာသီဘောလုံးအသုံးပြုချိန်မှာ တစ်ပွဲ၊ တစ်ဂိုးနှုန်းလောက် သွင်းခဲ့တာ တွေ့ရပါတယ်။ စပါးတိုက်စစ်မှူး ဟာရီကိန်းကလည်း အဲဒီဘောလုံးနဲ့ဆိုရင် တစ်ပွဲပျမ်းမျှ ၀.၈၄ ဂိုး သွင်းနိုင်ခဲ့ပါတယ်။

အာဆင်နယ်ဂန္ထဝင်တိုက်စစ်မှူး အွန်နရီက တစ်ပွဲပျမ်းမျှ ဝ.၇၁ ဂိုး၊ ရော်နယ်ဒိုက ဝ.၆၃ ဂိုးသွင်းနိုင်ခဲ့ပြီး အရင်ကထက် ဂိုးသွင်းနှုန်း ပိုတက်လာတာ တွေ့ရပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top