ဆိုစီဒက်ကို ပြောင်းရွှေ့သွားတဲ့ ဒေးဗစ်ဆေးလ်ဗားအတွက် မန်စီးတီးနဲ့ Puma ပူးပေါင်းဂုဏ်ပြု

19-8-2020-yyl-022.jpg

စပိန်ကွင်းလယ်လူ ဒေးဗစ်ဆေးလ်ဗားကတော့ ၁၀ နှစ်ကြာမြင့်တဲ့ မန်စီးတီးကစားသမားဘဝကို အဆုံးသတ်ပြီး လာလီဂါကလပ် ဆိုစီဒက်အသင်းကို ပြောင်းရွှေ့သွားခဲ့ပါပြီ။ အီတီဟတ်ကွင်းမှာ မန်စီးတီးအတွက် ဂိုးဖန်တီးမှု ၆၅ ကြိမ် ပြုလုပ်ပေးနိုင်ခဲ့တဲ့ ဒေးဗစ်ဆေးလ်ဗားကို မန်စီးတီးအသင်းနဲ့ Puma အားကစားဝတ်စုံ ကုမ္ပဏီတို့က ပူးပေါင်းဂုဏ်ပြုခဲ့ပါတယ်။ ဒေးဗစ်ဆေးလ်ဗား ဂိုးဖန်တီးမှုလုပ်ခဲ့တဲ့နေရာတွေကို မှတ်သားပြီး အီတီဟတ်ကွင်း မြက်ခင်းပြင်မှာ ဘောလုံးကန်ဖိနပ် ၆၅ ရံ နေရာချထားခဲ့တာပါ။

အီတီဟတ်ကွင်းထဲ ဝင်လာပြီး ဂိုးဖန်တီးမှုလုပ်ခဲ့တဲ့ ဓာတ်ပုံတွေ၊ ကွင်းထဲက ပရော်ဂျက်တာမှာ ပြထားတဲ့ ဂိုးဖန်တီးမှု ရုပ်သံမှတ်တမ်းတွေကို ကြည့်နေချိန်မှာ ဒေးဗစ်ဆေးဗားက ပြုံးပြီး အတိတ်ကို ပြန်သတိရနေသလိုပါပဲ။ ဒေးဗစ်ဆေးလ်ဗားဟာ မန်စီးတီးအသင်းနဲ့အတူ ဆုဖလား ၁၄ လုံး ဆွတ်ခူးနိုင်ခဲ့သူပါ။ မန်စီးတီးအသင်းက ဒေးဗစ်ဆေးလ်ဗားကို ရုပ်တုထုလုပ်ပြီး ဂုဏ်ပြုဖို့ စီစဉ်နေပြီး မန်စီးတီးအသင်း အကယ်ဒမီမှာ ဒေးဗစ်ဆေးလ်ဗားပုံကို ကျောက်စီကားချပ် စိုက်ထူပြီး ဂုဏ်ပြုမှာဖြစ်ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top