ဆေးစစ်ချက်အဖြေမထွက်ခင် လေ့ကျင့်ခန်းဆင်းခဲ့တဲ့ ဂနာဘရီကြောင့် နောက်ထပ်အသင်းသားတွေ ရောဂါပိုး ကူးစက်ခံရမှာကို ဘိုင်ယန် စိုးရိမ်နေ

21-10-2020-yyl-019.jpg

ဆေးစစ်ချက်အဖြေမထွက်ခင် ဘိုင်ယန်မြူးနစ်အသင်းနဲ့ လေ့ကျင့်ခန်းဆင်းခဲ့တဲ့ တောင်ပံကစာသမား ဂနာဘရီကြောင့် နောက်ထပ်အသင်းသားတွေ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရမှာကို ဘိုင်ယန်မြူးနစ်အသင်း စိုးရိမ်နေရပါတယ်။ ဂနာဘရီဟာ ပြီးခဲ့တဲ့အင်္ဂါနေ့က ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းခဲ့ပြီး နောက်ခံလူ အလာဘာနဲ့အတူ တစ်ယောက်ပခုံး တစ်ယောက်ကိုင်ပြီး အကြောလျော့လေ့ကျင့်ခန်းလုပ်နေတာ တွေ့ရပါတယ်။ ဒါ့အပြင် ဘိုင်ယန်မြူးနစ်အသင်းဖော်တွေနဲ့လည်း ယှဉ်တွဲပြီး ပြေးခဲ့ပါတယ်။

အဲဒီနေ့နှောင်းပိုင်းမှာတော့ ဂနာဘရီမှာ ကိုဗစ်-၁၉ ရောဂါပိုးရှိနေတယ်ဆိုတဲ့ ဆေးစစ်ချက်အဖြေ ထွက်ပေါ်လာခဲ့လို့ အက်သလက်တီကိုနဲ့ ကစားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာ ဂနာဘရီ ပါဝင်နိုင်မှာမဟုတ်ဘူးလို့ ဘိုင်ယန်မြူးနစ်က ထုတ်ပြန်ခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်ဟာ အလိုင်းယင့်ဇ်အရီနာကွင်းကိုသွားမယ့် အသင်းဘတ်စ်ကားပေါ် မတက်ခင် အသင်းသားအားလုံးကို ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးမှုလုပ်ဖို့ ရှိနေပါတယ်။ ယူအီးအက်ဖ်အေရဲ့ စည်းမျဉ်းတွေအရ အသင်းတစ်သင်းမှာ အနည်းဆုံး ဂိုးသမားတစ်ယောက် အပါအဝင် အနည်းဆုံး ကစားသမား ၁၃ ယောက်ရှိရင် ပွဲကစားနိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top