မာဆေးဆိုက်ဒ်ဒါဘီပွဲမှာ VAR တာဝန်ယူခဲ့သူ ဒေးဗစ်ကူတေးကို လာမယ့်တစ်ပတ်မှာ စတုတ္ထဒိုင်အဖြစ်သာ တာဝန်ပေးမယ်

21-10-2020-yyl-018.jpg

၂ ဂိုးစီသရေကျခဲ့ပြီး အငြင်းပွားစရာတွေ ဖြစ်ပေါ်ခဲ့တဲ့ မာဆေးဆိုက်ဒ်ဒါဘီပွဲမှာ VAR ဒိုင်အဖြစ် တာဝန်ယူခဲ့သူ ဒေးဗစ်ကူတေးကို လာမယ့်တစ်ပတ် ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ကွင်းလယ်ဒိုင်၊ စည်းကြပ်ဒိုင်၊ VAR ဒိုင်အဖြစ် တာဝန်ပေးတော့မှာမဟုတ်ဘဲ စတုတ္ထဒိုင်အဖြစ်ပဲ တာဝန်ပေးတော့မယ်လို့ ပရီးမီးယားလိဂ်အဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ အဲဗာတန် – လီဗာပူး ပွဲစဉ်မှာ လီဗာပူးနောက်ခံလူ ဗန်ဒိုက်ဂျ်ကို ဒဏ်ရာအပြင်းအထန် ရအောင် ဖျက်ထုတ်ခဲ့တဲ့ အဲဗာတန်ဂိုးသမား ပစ်ဖို့ဒ်ရဲ့ လုပ်ရပ်အတွက် VAR ပြန်မကြည့်ပေးခဲ့တာ၊ ဟန်ဒါဆန် သွင်းယူခဲ့တဲ့ဂိုးကို VAR နဲ့ လူကျွံဘော သတ်မှတ်ခဲ့တာ စတဲ့ အငြင်းပွားစရာတွေ ဖြစ်ခဲ့ပါတယ်။ ဗန်ဒိုက်ဂျ်ရဲ့ဖြစ်ရပ်က လူကျွံနေပေမဲ့ VAR ပြန်ကြည့်ပြီး ပြစ်ဒဏ်ပေးနိုင်တယ်ဆိုတဲ့ အချက်ကို ဒေးဗစ်ကူတေးက ကွင်းလယ်ဒိုင်ကို သတိပေးခဲ့ခြင်း မရှိပါဘူး။

ဒေးဗစ်ကူတေးဟာ လာမယ့်စနေနေ့မှာ ကစားမယ့် ဝက်စ်ဟမ်း- မန်စီးတီးပွဲစဉ်မှာ စတုတ္ထဒိုင်အဖြစ် တာဝန်ယူမှာဖြစ်ပြီး နောက်တစ်ပတ်ကျရင်တော့ ချန်ပီယံရှစ်ပြိုင်ပွဲကို စေလွှတ်ခြင်းခံရမယ်လို့ ဆိုပါတယ်။ ဒေးဗစ်ကူတေးဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ VAR ဒိုင်အဖြစ် ၃ ကြိမ် တာဝန်ယူခဲ့သူပါ။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top