လက်ဝှေ့လောကကနေ အနားယူရင် MMA ထိုးမယ်ဆိုတဲ့ တိုင်ဆန်ဖျူရီ

yyl-4.jpg

လက်ဝှေ့လောကကနေ အနားယူရင် UFC ကြယ်ပွင့် ဖရန်ဆစ်ဂန်နျူနဲ့ MMA ပွဲစဉ် ထိုးသတ်ဖို့ သဘောတူညီထားတယ်လို့ ဗြိတိန်လက်ဝှေ့သမား တိုင်ဆန်ဖျူရီက ပြောပါတယ်။ ဂျစ်ပစီကင်းလို့ ချစ်စနိုးခေါ်ကြတဲ့ တိုင်ဆန်ဖျူရီဟာ သိပ်မကြာသေးခင်က သူ့ရဲ့ ပွဲဦးထွက် နပန်းပွဲမှာ စထရောမန်းကို အနိုင်ရခဲ့သူပါ။ တိုင်ဆန်ဖျူရီဟာ လာမယ့်ဖေဖော်ဝါရီလကျရင် သူ့ရဲ့ပြိုင်ဘက်ဟောင်း ဒီယွန်တေးဝှိုက်ဒါနဲ့ စိတ်မကျေပွဲ ပြန်ထိုးဖို့ ရှိနေပါတယ်။

အဲဒီပွဲပြီးရင်တော့ MMA ဘက်ကို မြားဦးလှည့်လာဖို့ရှိပြီး ဖရန်ဆစ်ဂန်နျူအပြင် တခြားဟဲဗီးဝိတ် သိုင်းပေါင်းစုံကစားသမားနဲ့လည်း ထိုးသတ်ချင်တယ်လို့ ဆိုထားပါတယ်။ ဖရန်ဆစ်ဂန်နျူကတော့ လက်ဝှေ့ကြိုးဝိုင်းထဲမှာ တိုင်ဆန်ဖျူရီနဲ့ ထိုးသတ်ဖို့အတွက် ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဟောင်း မိုက်တိုင်ဆန်ဆီမှာ လေ့ကျင့်ဖို့ သဘောတူထားပြီလို့ တုံ့ပြန်ခဲ့ပါတယ်။ တိုင်ဆန်ဖျူရီကတော့ ပြီးခဲ့တဲ့တစ်ပတ်မှာ မက်ဂရီဂေါ်ထံ ဖုန်းဆက်ပြီး သိုင်းပေါင်းစုံလောကထဲ ခြေချဖို့ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ တိုင်ဆန်ဖျူရီဟာ ဖရန်ဆစ်ဂန်နျူအပြင် UFC ရဲ့ ဟဲဗီးဝိတ်ချန်ပီယံ စတစ်မိုင်ယိုဆစ်နဲ့လည်း ထိုးသတ်ချင်တယ်လို့ ဆိုထားပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top