အပတ်စဉ်ဗေဒင်ဟောစာတမ်းကဏ္ဍ (၁၈-၈-၂၀၁၉ မှ ၂၅-၈-၂၀၁၉ ရက်နေ့အထိ)

Bay-Din-18-to-25-august.jpg

အပတ်စဉ်တင်ဆက်ပေးနေကျဖြစ်တဲ့ ဆရာကင်္ကသူရဲ့စန္ဒသူရိယ နက္ခတ္တဝေဒ ဟောစာတမ်းကို ရိုးရာလေးပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ (၁၈-၈-၂၀၁၉ မှ ၂၅-၈-၂၀၁၉ ရက်နေ့အထိ) တွက်ချက် လမ်းညွှန်ပေးထားမှုကို Unicode/ Zawgyi version နှစ်မျိုးနဲ့ တွဲဖက်ဖော်ပြပေးထားပါတယ်။

တနင်္ဂနွေ

ယခုအပတ်အတွက် တနင်္ဂနွေသားသမီးတို့

စီးပွားရေး ။ ။ ဆောက်လုပ်ရေးလုပ်ငန်း၊ ဆောက်လုပ်ရေးနှင့်ပါတ်သက်သော လုပ်ငန်းများ၊ ပြည်ပနှင့် စပ်တူလုပ်ကိုင်သော ဆောက်လုပ်ရေးနှင့်ဆိုင်သော လုပ်ငန်းများ ကံကောင်းပါသည်။ သို့သော် ရေလုပ်ငန်း၊ ရေသန့်နှင့် ရေခဲလုပ်ငန်း၊ ငါးလုပ်ငန်းများ အနည်းငယ်ညံ့ပါသည်။

ကျန်းမာရေး ။ ။ မျက်လုံးနှင့်ပါတ်သက်သော ရောဂါများ ယခုတစ်ပါတ်တွင် အထူးသတိထားရမည်။

အချစ်ရေး/အိမ်ထောင်ရေး ။ ။ အချစ်ရေးအနေနှင့် အနည်းငယ်ညံ့ပါသည်။ ကြားလူ သတိထားပါ။ အိမ်ထောင်ရေးအနေနှင့်လည်း ကြားလူကြောင့် သံသယ ဖြစ်နေရမည်။

ပညာရေး ။ ။ ပညာရေးအနေနှင့် သင်္ချာ၊ ရူပဗေဒ အစရှိသော တွက်စာကို အထူးအလေးပေးပါ။

အထွေထွေ ။ ။ ယခုတစ်ပါတ်အတွင်း ရေကူးခြင်း၊ ရေချိုးခြင်းများ သတိထားရမည့်အချိန် ဖြစ်ပါသည်။ နိုင်ငံဝန်ထမ်းများ မိမိတာဝန်ယူရသည့် ဌာနတွင်းမှာပင် နေရာပြောင်းရတတ်သည်။

အကျိုးပေးဂဏန်းမှာ – ၆။၇။ဝ။ ယတြာ – ဘုရား၏ တနင်္ဂနွေထောင့်ရှိ ဘုရားတွင် ရေသက်စေ ပူဇော်ပါ။

တနင်္လာ

ယခုအပတ်အတွင်း တနင်္လာသားသမီးတို့

စီးပွားရေး ။ ။ သစ်လုပ်ငန်း၊ ကျောက်မျက်ရတနာ တူဖော်ခြင်း၊ ပရိဘေဂနှင့် ပြည်ပသို့ သစ်တင်ပို့ခြင်းများ ကံကောင်းပါသည်။ စားသောက်ကုန်လုပ်ငန်းများ အနည်းငယ် ရောင်းအားကျတတ်ပါတယ်၊ အစုစပ်လုပ်ငန်းများ သတိထားပါ။

ကျန်းမာရေး ။ ။ ဦးခေါင်းနှင့် ပါတ်သက်တဲ့ ဝေဒနာ ခံစားရတတ်ပါတယ်။ အထူးသတိပြုရမှာကတော့ ဦးခေါင်းမတော်တဆ ထိခိုက်မိတတ်ပါတယ်။ ဆေးရုံ ဆေးခန်း ရောက်တတ်လို့ သတိပြုပါ။

အချစ်ရေး/အိမ်ထောင်ရေး ။ ။ အချစ်ရေးအနေနှင့် အနည်းငယ် ကံပြန်ကောင်းလာပါပြီ။ စိတ်ကောက်တတ်သူကို ရတတ်ပါသည်။ အိမ်ထောင်ရေး အဆင်မပြေဖြစ်မည်။ ညင်းခုံရတတ်သည်။

ပညာရေး ။ ။ ပညာရေးအနေနှင့် နိုင်ငံခြား ပညာသင် သွားရောက်ရတတ်သည်။ ထိုအတွက် သေချာပြင်ဆင်ပါ။ ပညာရေး ကံကောင်းချိန်ဖြစ်ပါသည်။

အထွေထွေ ။ ။ အစိုးရဝန်ထမ်းများ အလုပ်တွင် အသေးအမွှားကိစ္စမှ ကိစ္စကြီးသွားတတ်ပါသည်။

အကျိုးပေးဂဏန်း – ၄ ၊ ၅ ၊ ၉။ ယတြာ– တနင်္လာနေ့တွင ငှက်ကလေးများကို တတ်နိုင်သလောက် အစာကြွေးပါ။

အင်္ဂါ

ယခုအပတ်အတွင်း အင်္ဂါသားသမီးတို့

စီးပွားရေး ။ ။ စားသောက်ဆိုင်၊ စားသောက်ကုန် လုပ်ငန်းများ ကံကောင်းပါသည်။ ယခုရက်အတွင်း နိုင်ငံခြားအရက် စသည့် တန်ဖိုးကြီး စားသောက်ကုန် လုပ်ငန်းများ အထူးကံကောင်းပါသည်။ အမြတ်များမည်။ ဘဏ်ချေးငွေနှင့် ပါတ်သက်ရင်တော့ ညံ့နေသဖြင့် သတိထား လုပ်ဆောင်သင့်ပါသည်။

ကျန်းမာရေး ။ ။ ခါးနှင့် ပါတ်သက်သော ရောဂါ။ ကျောက်ကပ်ရောဂါများ ဆက်လက်သတိထားပါ။

အချစ်ရေး/အိမ်ထောင်ရေး ။ ။ အချစ်ရေးအနေနှင့် မိမိရည်ရွယ်ထားသူအား စိတ်ထိခိုက်အောင် မလုပ်ပါနှင့်။ အဖြေရရန် မလွယ်သေးပါ။ အိမ်ထောင်သည်များအနေဖြင့် သားသမီးကိစ္စ သတိပြုပါ။

ပညာရေး ။ ။ ပညာရေးအနေနှင့် လက်မှု့ပညာတစ်ခုခုကို သေချာသင်ယူပါ။

အထွေထွေ ။ ။ ယခုတစ်ပါတ်အတွင်း ကား၊ စက်စတဲ့ပစ္စည်းတွေ ဝင်လာတတ်ပါတယ်။ ငွေကတော့ ကုန်နေမှာပါဘဲ။ အစိုးရဝန်ထမ်းများ အရေးကြီး စာရွက်စာတမ်း ပျောက်တတ်ပါတယ်။

အကျိုးပေးဂဏန်း – ၃၊ ၄ ၊ ၈။ ယတြာ – အင်္ဂါနေ့တွင် အင်္ဂါနံဘုရားတွင် ဇီးယိုလှူပေးပါ။ လိုရာဆုတောင်းပါ။

ဗုဒ္ဓဟူး

ယခုအပတ်အတွင်း ဗုဒ္ဓဟူးသားသမီးတို့

စီးပွားရေး ။ ။ ရွှေ၊ ကျောက်မျက်ရတနာ (အထည်ကပ်ပြီး) ငွေ၊ ပန်းတိမ်လုပ်ငန်း၊ ရွှေနှင့်ပါတ်သက်သော လုပ်ငန်းများ၊ ရွှေဆိုင်နှင့် စိန်နှင့် ရွှေဖြူလုပ်ငန်းများ ကောင်းပါသည်။ သို့သော် ရွှေ၊ စိန် မပါဘဲ နုတ်ရောင်း၊နုတ်ဝယ်သမားများ၊ ရှယ်ယာ ကစားသူများ အလိမ်ခံရတတ်ပါသည်။

ကျန်းမာရေး ။ ။ ကျောက်ကပ်ရေဂါ ခံစားနေရသူများ၊ ဆီးနှင့်ပါတ်သက်ပြီး ဆေးရုံ၊ ဆေးခန်းပြနေရသူများ ဒီရက်ပိုင်း ရောဂါဖောက်ပြန်တတ်ပါသည်။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနှင့် ကံကောင်းပါသည်။ မိမိအား အလွန်ချစ်တတ်ပြီး နာလည်မှု့ပေးနိုင်သော ချစ်သူကို ဆက်လက်ပိုင်ဆိုင်ရမည်။ အိမ်ထောင်ရေးအနေနှင့် အေးစက်သော အိမ်ထောင်ရေး ဖြစ်နေတတ်ပါသည်။

ပညာရေး ။ ။ ပညာရေးအနေနှင့် ရာထူးစာမေးပွဲ ဖြေရမည်။ သေချာကြိုးစားထားသင့်သည်။

အထွေထွေ ။ ။ ယခုတစ်ပါတ်အတွင်း ငွေကြေးကိစ္စ အာမခံပါက တရားရုံးအထိ နောင်အခါ ဖြေရှင်းရတတ်သည်။ ဝန်ထမ်းများ စိတ်အနည်းငယ် ညစ်ရလိမ့်မည်။

ရာဟု သားသမီးတို့ကတော့ ကျန်းမာရေးအနေနှင့် ဆီးရောဂါ ရတတ်ပါတယ်။ အချစ်ရေးတွင်လည်း အဖြေမရသေးခင် ပြတ်နေတတ်သဖြင့် ညံ့နေပါလိမ့်မည်။ စီးပွားရေးတွင် ရေလုပ်ငန်းကို ဦးစားပေးသင့်ပါတယ်။ ဝန်ထမ်းဖြစ်ပါက ကံကောင်းပါလိမ့်မည်။

အကျိုးပေးဂဏန်း – ၄ ၊၆ ၊ ၈။ ယတြာ။ ။ ငါးသက်စေ့လွတ်ပေးပါ။

ကြာသပတေး

ယခုအပတ်အတွင်း ကြာသပတေးသားသမီးတို့

စီးပွားရေး ။ ။ စိုက်ပျိုးရေး၊ လယ်ယာထွက်ကုန်များ၊ မြေသြဇာလုပ်ငန်း၊ လယ်ယာသုံး စက်ပစ္စည်းများ ရောင်း/ဝယ်သူများ ကံကောင်းပါသည်။ အစုစပ်လုပ်ငန်းအတွက် ရှယ်ယာရှင်များ ပြဿနာတက်တတ်သည်။

ကျန်းမာရေး ။ ။ ဝမ်းဗိုက်နှင့်ဆိုင်သောရောဂါ အစာအိမ်နှင့် ဆီးနှင့်ဆိုင်သော ဆီသွားသည့်လမ်းကြောင်းတို့တွင် ရောဂါရတတ်သည်။ အစားအသောက်ကြောင့် ဖြစ်တတ်သဖြင့် သတိထားပါ။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနှင့် ကံမကောင်းပါ။ ချစ်ရသောသူနှင့် အမြန်ဆုံး လက်ထပ်ပါ။ အိမ်ထောင်သည်များလည်း အလုပ်ကိစ္စများနှင့်ပါတ်သက်ပြီး ခရီးဝေးသွားရပြီး ခွဲနေရမည်။

ပညာရေး ။ ။ အလုပ်နှင့် သက်ဆိုင်သော သင်တန်းတစ်ခုခုကို လူကြီးတစ်ယောက်၏ စရိတ်ဖြင့် တက်ရမည်။

အထွေထွေ ။ ။ ယခုတစ်ပါတ်အတွင်း ဘုရားတွင် ကုသိုလ်လုပ်ပါ။ ထီထိုးပါ။ ဝန်ထမ်းများလည်း အထက်လူကြီး မစပါလိမ့်မည်။

အကျိုးပေးဂဏန်း – ၅ ၊ ၈ ၊ ဝ။ ယတြာ – ကြာသာပတေးနေ့တွင် ရေသန့်ဗူးလှူပါ။

သောကြာ

ယခုအပတ်အတွင်း သောကြာသားသမီးတို့

စီးပွားရေး ။ ။ အလှကုန်လုပ်ငန်း၊ ကြေညာလုပ်ငန်း၊ ပန်းတိမ် အစရှိသည့် ပန်း(၁၀) မျိုးလုပ်ငန်းများ။လက်မှု့အနုပညာလုပ်ငန်းများ ကောင်းပါသည်။ ဆောက်လုပ်ရေးလုပ်ငန်း ညံ့ပြီး အလုပ်သမား ပြသနာပေါ်တတ်သည်။

ကျန်းမာရေး ။ ။ခြေထောက်တွင် ဖြစ်တတ်သည့် ရောဂါများ၊ အရိုးကျီးပေါင်းတက်ခြင်းများ ခံစားရမည်။

အချစ်ရေး/အိမ်ထောင်ရေး ။ ။ အချစ်ရေးအနေနှင့် ကံကောင်းသော်လည်း ကြားလူကြောင့် ပြသနာတက်မည်။ အိမ်ထောင်သည်များလည်း ခွဲနေရတတ်သည်။ စိတ်ပူရန်မရှိပါ။

ပညာရေး ။ ။ ပညာရေးအနေနှင့် (၁၀) တန်းဖြေမည့်သူများ တွက်စာဦးစားပေးပါ။

အထွေထွေ ။ ။ ယခုတစ်ပါတ်အတွင်း ငွေကြေးနှင့်ပါတ်သက်သော စာချုပ်များတွင် တာဝန်ခံလက်မှတ်ထိုးမိပါက ပြသနာတက်မည်။ ဝန်ထမ်းများလည်း တာဝန်ခံ လက်မှတ်ထိုးမှားပြီး စစ်ဆေးခံရနိုင်သည်။

အကျိုးပေးဂဏန်း – ၂၊ ၆၊ ၉။ ယတြာ – သောကြာနေ့တွင် ငှက်များလွတ်ပေးပါ။ လိုရာဆုတောင်းပါ။

စနေ

ယခုအပတ်အတွင်း စနေသားသမီးတို့

စီးပွားရေး ။ ။ ခရီးသွားလုပ်ငန်း၊ တိုးလုပ်ငန်းများ၊ စားသောက်ဆိုင်နှင့် ကြောညာလုပ်ငန်း။ ပုံနိပ်စက်နှင့် ရုပ်ရှင်လုပ်ငန်းများ ကောင်းပါသည်။ ငွေကြေးကြပ်တည်မည် ချေးငှါးရပါက ပြန်မဆပ်နိုင် ဖြစ်တတ်သဖြင့် သတိထားပါ။

ကျန်းမာရေး ။ ။ အမျိုးသား ဆီးရောဂါ။ အမျိုးသမီး သားအိမ်ရောဂါနှင့် ကလေးသူငယ်များ ရာသီပေါ်ရောဂါ ဖြစ်တတ်သည်။ ရေချိုးမှားတတ်သည်။

အချစ်ရေး/အိမ်ထောင်ရေး ။ ။ အချစ်ရေးအနေနှင့် ကံညံ့သွားပါသည်။ ချစ်သူတို့ အိမ်ထောင်ပြုရန် အဆင်မပြေ ဖြစ်တော့မည်။ အိမ်ထောင်သည်များ အနေဝေးနေပါက ယခုတစ်ပါတ်တွင် အဆက်အသွယ် ပြတ်နေတတ်သည်။

ပညာရေး ။ ။ ပညာရေးအနေနှင့် ဌာနတွင်း သင်တန်းတက်ရမည်။

အထွေထွေ ။ ။ ဝန်ထမ်းများ ကံကောင်းပါသည်။

အကျိုးပေးဂဏန်း – ၃၊ ၅၊ ၉။ ယတြာ – စနေနေ့တွင် ထီးအနီတစ်လက် ဘုရားတွင် လှူပါ။

ဆရာကင်္ကသူ
Ph.D-Palmistry. (H.A.P.R.I)
Ph- 09-2550 68533

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top