ရေနစ်နေတဲ့ အမျိုးသား ၃ ယောက်ကို ကယ်တင်ဖို့ကြိုးစားခဲ့တဲ့ အာဂအမျိုးသမီး

21.3.24-yyl-9.jpg

ကမ်းခြေမှာ ထိုင်နေရင်း အော်ဟစ်အကူအညီတောင်းသံ ကြားလို့ ဘရင်နာဟက်စ်က ပြေးကြည့်ချိန်မှာ အမျိုးသားတစ်ယောက်ကို သူ တွေ့ရတယ်။ သူ့မိတ်ဆွေ ၃ ယောက် ရေနစ်နေလို့ ဒီအမျိုးသားက အကူအညီတောင်းနေတာပါ။

ဘရင်နာဟက်စ်က ရေထဲ ပြေးဆင်းသွားပြီး သူနဲ့ အနီးဆုံးတစ်ယောက်ကို အရင် စ ကယ်တယ်။ ” သူ့ဆီရောက်ဖို့ မီတာ ၂၀ လောက် ကူးသွားရတယ်။ သူက ကျွန်မထက် လူကောင်လည်း ပိုကြီးတယ်။ ပိုလည်း လေးတယ်” လို့ ဘရင်နာဟက်စ်က ပြောတယ်။ အဲဒီလို အခက်အခဲတွေ ကြုံပေမဲ့ ဘရင်နာဟက်စ်က ရေနစ်နေတဲ့ အမျိုးသား ၃ ယောက်လုံးကို ကယ်တင်နိုင်ခဲ့ပါတယ်။

” စစချင်းက ကမ်းခြေမှာ လူသိပ်မရှိဘူး။ တတိယတစ်ယောက်ကို ကယ်တော့မှ လူတွေ ရောက်လာပြီး ဝိုင်းဝန်းကူညီပေးခဲ့တာပါ” လို့ ဘရင်နာဟက်စ်က ဆိုပါတယ်။ သူက ရေနစ်နေသူ သုံးယောက်ကို ကယ်တင်ပေးခဲ့ပြီးနောက် အရေးပေါ်ဆေးအဖွဲ့တွေ ရောက်မလာခင် သတိပြန်လည်လာအောင် CPR လုပ်ပေးခဲ့ပါတယ်။

ဘရင်နာဟက်စ်နဲ့ ကမ်းခြေမှာရှိသူတွေက အကောင်းဆုံးကြိုးပမ်းခဲ့ကြပေမဲ့ အမျိုးသားတစ်ယောက်ကနေ သတိပြန်မလည်လာတော့ဘဲ သေဆုံးသွားခဲ့ပါတယ်။ ကျန်အမျိုးသား ၂ ယောက်ကတော့ အသက်ဘေးကနေ လွတ်မြောက်ခဲ့ပါတယ်။ ဒီဖြစ်ရပ်က ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်နေ့က သြစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်မှာ ဖြစ်ပွားခဲ့တာပါ။

Ref:Beach Hero: Melbourne Woman Pulls Three Unconscious Men To Shore

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top