သူ အကြိုက်ဆုံးရထားဘူတာနာမည်ကို အလယ်နာမည်အဖြစ် ပြောင်းလဲပစ်ခဲ့တဲ့ အမျိုးသမီး

22.3.24-yyl-1.jpg

Chiltern Railways ကုမ္ပဏီမှာ လုပ်သက် ၂၀ ကျော်ပြီဖြစ်တဲ့ ဝန်ထမ်း ရီဟာနာ ခါဝါဂျာဆိုသူ အမျိုးသမီးဟာ လန်ဒန်အနောက်ပိုင်းမှာရှိတဲ့ Marylebone ရထားဘူတာနာမည်ကို သူ့နာမည်ရဲ့အလယ်နာမည်အဖြစ် ပြောင်းလဲပစ်ခဲ့ပါတယ်။ အဲဒီဘူတာနာမည်ကို သူ့နာမည်ရဲ့ထိပ်ဆုံးမှာထားဖို့ စဉ်းစားခဲ့ပေမဲ့ သူ့သမီးတွေက ကန့်ကွက်ခဲ့တာကြောင့် သူ့ရဲ့အလယ်နာမည် Ismat ကနေ Marylebone ဆိုပြီး ပြောင်းလဲပစ်ခဲ့တာပါ။

ဒီရထားဘူတာက သူ့ဘဝအပေါ် များစွာသက်ရောက်မှုရှိခဲ့တာပါ။ သူ့ရဲ့အသက်မွေးဝမ်းကျောင်းတစ်လျှောက်မှာ Marylebone မှာ ရထားထွက်ချိန်ကြီးကြပ်သူကနေ ဘူတာရုံမန်နေဂျာအထိ ရာထူးအမျိုးမျိုးလုပ်ခဲ့တာပါ။ ဒီရထားဘူတာက သူ့နှလုံးသားထဲမှာ သီးသန့်နေရာတစ်ခုအဖြစ် စွဲထင်ခဲ့တာပါ။

Ref: UK Woman Changes Middle Name To Match Her Favourite Railway Station

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top