ချစ်သူကောင်လေးနဲ့ တိတ်တဆိတ် စေ့စပ်ထားတယ်လို့ သတင်းထွက်နေတဲ့ တေလာဆွစ်ဖ်

1-7-2022-02.jpg

ကမ္ဘာကျော်အဆိုတော် တေလာဆွစ်ဖ်ဟာ သူ့ချစ်သူမင်းသားချော ဂျိုး အော်လင်နဲ့ တိတ်တဆိတ်စေ့စပ်ထားပြီး (၁၈) လအကြာမှာ လက်ထပ်ဖို့ စီစဉ်ထားတယ်ဆိုတဲ့ သတင်းထွက်ပေါ်ခဲ့ပါတယ်။ သူတို့စုံတွဲက ရိုးရှင်းပြီးဆွဲဆောင်မှုရှိတဲ့ မင်္ဂလာပွဲတစ်ခုပြုလုပ်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။ ဒီဝမ်းသာစရာသတင်းကို လူသိရှင်ကြားကြေညာဖို့ အစီအစဉ်မရှိပေမဲ့ သူတို့နဲ့ရင်းနှီးတဲ့မိတ်ဆွေ၊ သူငယ်ချင်းတွေ သိကြတယ်လို့ သိရပါတယ်။

“တေလာနဲ့ ဂျိုးတို့က အရမ်းပျော်ရွှင်နေကြတယ်။ တကယ်တော့ သူတို့စုံတွဲက လွန်ခဲ့တဲ့ လအနည်းငယ်မှာ စေ့စပ်ထားခဲ့ကြတယ်။ ဒါပေမဲ့ သူတို့ရဲ့မိသားစု၊ ယုံကြည်ရတဲ့မိတ်ဆွေ၊ သူငယ်ချင်းတွေကိုပဲ အသိပေးထားခဲ့တယ်။ လူတိုင်းက ဒါကို လျှို့ဝှက်ထားဖို့လည်း တိုင်တည်ထားကြတယ်။ တေလာမှာ ဂျိုးပေးတဲ့ အရမ်းလှတဲ့ စေ့စပ်လက်စွပ်ရှိတယ်။ ဒါပေမဲ့ အိမ်မှာပဲ အဲဒီလက်စွပ်ကို ဝတ်တယ်။ မင်္ဂလာပွဲနဲ့ပတ်သက်ပြီး အသေးစိတ်ကို လူအနည်းငယ်ပဲ သိကြတယ်။ တေလာက စေ့စပ်တာနဲ့ပတ်သက်ပြီး သူ့အဖွဲ့သားတချို့ကိုတောင် မပြောထားခဲ့ဘူး”လို့ ဂျိုး အော်လင်နဲ့ရင်းနှီးတဲ့သတင်းအရင်းအမြစ်က The Sun သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

တိကျတဲ့မင်္ဂလာပွဲအသေးစိတ်အချက်အလက်တွေကို မသိရှိရသေးတဲ့အပြင် တေလာနဲ့ ဂျိုးတို့က သူတို့ရဲ့စေ့စပ်ကြောင်းလမ်းမှုကို တရားဝင်ကြေညာမလားဆိုတာကိုလည်း မသိရသေးဘူးလို့ သတင်းဌာနက တင်ပြထားပါတယ်။ ဇန်နဝါရီလကလည်း တေလာနဲ့ ဂျိုးတို့ စေ့စပ်လိုက်တယ်ဆိုတဲ့ သတင်းထွက်ပေါ်ခဲ့ဖူးပါတယ်။ တေလာနဲ့ ဂျိုးတို့ဟာ ၂၀၁၆ခုနှစ်မှာ ချစ်သူတွေဖြစ်ခဲ့ကြတာပါ။

Ref: TheMirror “Taylor Swift ‘secretly engaged to Brit boyfriend Joe Alwyn and will marry in 18 months”

WL( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top