ပရောဖက်ရှင်နယ်ကျကျ ဓာတ်ပုံရိုက်ကြမယ်

yyl-042-2.jpg

သင့်ကိုယ့်ကိုယ်ကို ကျွမ်းကျင်တဲ့ဓာတ်ပုံဆရာတစ်ယောက်လို့ ခံစားချင်ရင် ပုံတွေကို သဘာဝကျကျဖြစ်အောင် မူရင်းဖြစ်အောင်လုပ်ဖို့ လိုပါတယ်။ သင့်အနီးနားက ရိုးရှင်းတဲ့အရာတွေနဲ့ ပုံတွေကို ထင်ပေါ်နေအောင် ရိုက်ကူးဖို့လိုပါတယ်။

ဓာတ်ပုံတွေကို အဲဒီလိုရိုက်ကူးဖို့ဆိုရင် ဖန်စီကျတဲ့ပစ္စည်းတွေမလိုဘဲ စတူဒီယိုခန်းမပါဘဲ ဈေးကြီးတန်စက်ပစ္စည်းတေမလိုဘဲ ရိုက်လို့ရတဲ့လွယ်ကူတဲ့နည်းတွေရှိပါတယ်။ ဒါပေမဲ့ ဓာတ်ပုံရိုက်တာနဲ့ပတ်သက်ပြီး စိတ်ကူးဉာဏ်ရှိဖို့တော့ လိုပါတယ်နော်။ ဒါကြောင့် ပရောဖက်ရှင်နယ်ကျကျ ဓာတ်ပုံရိုက်ချင်သူတွေအတွက် စိတ်ကူးကောင်းတဲ့ဓာတ်ပုံရိုက်နည်းတချို့ကို ဖော်ပြပေးလိုက်ရပါတယ်။

၁ ရောင်ပြန်ဟပ်တဲ့ပုံစံမျိုးရအောင် ကင်မရာမှန်ဘီလူးရှေ့နားမှာ ဖုန်းတစ်လုံးကို ကိုင်ထားပါ

၂ မှော်ဆန်ဆန် ပုံရိပ်မည်းပုံစံဖန်တီးဖို့ဆိုရင် လိုက်ကာကို အသုံးပြုပြီး ဓာတ်ပုံရိုက်လို့ရပါတယ်

၃ Pinhole effect လို့ခေါ်တဲ့ မှုန်ဝါးဝါး မသဲမကွဲဓာတ်ပုံကို လိုချင်တယ်ဆိုရင် စက္ကူအပိုင်းအစတစ်ခုမှာ အပေါက်အသေးသေးလေးဖောက်ပြီး ကင်မရာမှန်ဘီလူးမှာ ဖုံးထားပါ

၄ တီဗီက ပုံကို အသုံးပြုပြီး ရိုက်ထားတာကလည်း ဓာတ်ပုံကို ထူးခြားစေပါတယ်

၅ မိုးရွာထဲ ထီးတစ်ချောင်းအောက်မှာ ရိုဆန်ဆန်လေး ဓာတ်ပုံရိုက်ဖို့ဆိုရင် ထီးပေါ်ကနေ ရေပန်းခရားနဲ့ လောင်းပေးရုံပါပဲ။ ကင်မရာ ရေစိုပြီး ပျက်စီးမှာလည်း မစိုးရိမ်ရဘူးပေါ့

၆ နီယွန်ဆေးကို လက်မှာမှုတ်ပြီး blacklight နဲ့ ဓာတ်ပုံရိုက်မယ်ဆိုရင် သင့်လက်မှာ ကြယ်စုတန်းကို မြင်ရမှာပါ

၇ တမူထူးခြားတဲ့ပုံစံမျိုးရိုက်ချင်ရင် သစ်ရွက်တွေကို အသုံးပြုရုံပါပဲ

၈ ကင်မရာကို ခွေးလေးတွေ ကြည့်စေချင်ရင် ဖုန်းပေါ်မှာ အရုပ် (ဒါမှမဟုတ်) မုန့်ဖြစ်ဖြစ်ထားကြည့်ပါ

၉ မီးဖိုချောင်သုံးပစ္စည်းတွေကလည်း ဓာတ်ပုံရိုက်တဲ့နေရာမှာ အကူညီပေးနိုင်ပါတယ်

၁၀ ဓာတ်ပုံမှာ မသိမသာမှုန်မှုန်ဝါးဝါးဖြစ်ချင်ရင် မီးခြစ်ကို အသုံးပြုပြီး ဓာတ်ပုံရိုက်ပါ

Ref: Brightside

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top