ဘီလာရုစ် အနုပညာရှင် အိုင်ဗန်ကာပစ္စကီးက ရေခဲနဲ့ ဆီးနှင်းလက်ရာတွေကြောင့် နာမည်ကျော်ကြားသူပါ။ ၂၀၂၀ ပြည့်နှစ်မှာ ရေခဲတုံးကို တယောပုံစံ ထုဆစ်ပုံဖော်ထားတဲ့ သူ့လက်ရာကြောင့် ဘီလာရုစ်သတင်းစာမှာ သူ့အကြောင်း စတင်ဖော်ပြခံရပြီး နာမည်ကျော်လာခဲ့သူ ဖြစ်ပါတယ်။
![](https://yoyarlay.com/wp-content/uploads/2024/01/31.1.24-yyl-5.jpg)
အခုလည်း ကာပစ္စကီးက ရေခဲတုံးတွေကို အသုံးပြုပြီး ရေခဲလှေ တစ်စင်း ဖန်တီးပြခဲ့ပါတယ်။ ရေခဲလှေမှာ တက်မနဲ့ ရေဒယက်တွေ တပ်ဆင်ထားပေမဲ့ တကယ့်လှေအစစ်နဲ့ တူအောင်သာ ဖန်တီးထားတာဖြစ်ပြီး လှေရဲ့ ဦးတည်ရာကို ထိန်းချုပ်နိုင်ဖို့တော့ လုပ်ဆောင်နိုင်ခြင်း မရှိပါဘူး။
![](https://yoyarlay.com/wp-content/uploads/2024/01/31.1.24-yyl-6.jpg)
ကာပစ္စကီးက ရေခဲလှေ ဘယ်လိုဖန်တီးခဲ့သလဲဆိုတော့ အသေးစိတ် အချက်အလက်တွေကို ထုတ်ပြောခဲ့ခြင်းမရှိပေမဲ့ မင့်စ်မြို့ရဲ့မြောက်ဘက် တိုင်ဆန်ကိုးဆည်ရဲ့ ကမ်းဘေးတစ်နေရာမှာ ရေခဲလှေ တည်ဆောက်ခဲ့တာလို့ ဆိုပါတယ်။
Ref: Belarussian Man Builds and Sails in Boat Made Exclusively of Ice
NZ ( ရိုးရာလေး)