Emotional Intelligence (EQ) မြင့်တဲ့သူတွေရဲ့ အရည်အချင်း (၇) မျိုး

yyl-article.jpg

သင့်မှာ စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်စွမ်းမရှိခဲ့ရင်၊ ကိုယ့်ကိုယ်ကို ပြန်မသုံးသပ်နိုင်ရင်၊ သင်ဟာ သင့်ရဲ့စိတ်ဓာတ်ကျဝမ်းနည်းမှုကို မစီမံနိုင်ရင်၊ သင်ဟာဆက်နွယ်ပတ်သတ်မှုတွေမှာ ကိုယ်ချင်းစာစိတ်မရှိရင် သင်ဟာဘယ်လောက်ဘဲတော်နေပါစေ အမြင့်ကိုမရောက်နိုင်ပါဘူး။

အဲ့ဒါကြောင့် Emotional Intelligence (EI) ဆိုတာ အတိအကျအားဖြင့် ဘယ်လိုပြောနိုင်သလဲ။ Psychology Today ကနေပြီးတော့

၁။ သင့်ရဲ့ကိုယ်ပိုင်စိတ်ခံစားချက်တွေသာမက တစ်ခြားသူတွေရဲ့ စိတ်ခံစားချက်တွေကိုလည်း တိတိကျကျရွေးထုတ်ဖော်ပြနိုင်ခြင်း။

၂။ သင့်ရဲ့စိတ်ခံစားချက်တွေကို အလုပ်လုပ်တဲ့နေရာတွေမှာ အထူးသဖြင့်စဉ်းစားတဲ့နေရာတွေနဲ့ ပြဿနာတွေကိုဖြေရှင်းတဲ့နေရာတွေမှာ ထုတ်သုံးနိုင်ခြင်း။

၃။ သင့်ရဲ့စိတ်ခံစားချက်တွေနဲ့ သင့်ကိုယ်တိုင်ကို စီမံခန့်ခွဲထိန်းချုပ်နိုင်ပြီး အခြားသူတွေကိုလည်း အားပေးနိုင်သော (သို့) စိတ်ငြိမ်သက်စေနိုင်သော အရည်အချင်းရှိခြင်း လို့ အဓိပ္ပါယ် ဖွင့်ဆိုထားပါတယ်။

• EI မြင့်တဲ့ အလုပ်သမားတွေဟာ ကိုယ့်ကိုယ်ကိုသုံးသပ်နိုင်တဲ့အပြင် တစ်ခြားအလုပ်သမားတွေကိုလည်း သတ်မှတ်ချိန်အတွင်း အလုပ်ပြီးအောင် ကူညီပေးနိုင်ပါတယ်။

• EI မြင့်တဲ့သူတွေဟာလည်း ဖောက်သည်တွေဆင်ခြေပေး အပြစ်တင်တာတွေကို သည်းခံနိုင်တဲ့အပြင် သူတို့ရဲ့စိတ်ခံစားချက်အစား အကျိုးရလဒ်ကို ဦးစားပေးတဲ့အတွက် လုပ်ငန်းခွင်မှာ ပိုအောင်မြင်လေ့ရှိပါတယ်။

• အကယ်၍လုပ်ငန်းခွင်မှာ IQ တူတဲ့လူနှစ်ယောက်အလုပ်လုပ်ရင်တောင် EQ မြင့်တဲ့တစ်ယောက်က ကုမ္ပဏီနဲ့ ပိုပြီးကိုက်ညီပါတယ်။ အောက်ကအချက်တွေကတော့ EI မြင့်တဲ့သူတွေရဲ့ အရည်အချင်း (၇)ချက်ဖြစ်ပါတယ်။

၁။ သူတို့ဟာ ပြောင်းလဲခြင်းရဲ့ ကိုယ်စားလှယ်ပါ။ EI ရှိတဲ့လူတွေဟာ ပြောင်းလဲမှုတစ်ခု ပြုလုပ်ရမှာကို မကြောက်ပါဘူး။ သူတို့အတွက် ပြောင်းလဲခြင်းဆိုတာ ဘဝအတွက်လိုအပ်တဲ့အရာတစ်ခုဖြစ်ပြီးတော့ သူတို့ဟာ လိုက်လျောညီထွေနေထိုင် တတ်ပါတယ်။

၂။ သူတို့ဟာ ကိုယ့်ကိုယ်ကိုသိပါတယ်။ သူတို့ဟာ ဘယ်နေရာတွေမှာတော်ပြီးတော့ ဘယ်နေရာတွေမှာ သင်ယူဖို့လိုသေးသလဲဆိုတာ သိပါတယ်။ သူတို့ရဲ့အားနည်းချက်က သူတို့ကိုမဆွဲချနိုင်ပါဘူး။ သူတို့ရဲ့ အလုပ်လုပ်ပုံနဲ့ အသင့်တော်ဆုံး ပတ်ဝန်းကျင်ကိုလည်း သူတို့ သိပါတယ်။

၃။ သူတို့ဟာ ကိုယ်ချင်းစာစိတ်ရှိပါတယ်။ EI ဟာမြင့်တဲ့သူတွေဟာ တစ်ခြားသူတွေကို ကိုယ်ချင်းစာနိုင်တဲ့အတွက် အလုပ်ခွင်မှာ အရမ်းအရေးပါတဲ့အချက်ဖြစ်ပါတယ်။ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဖောက်သည်တွေကို နားလည်ပေးနိုင်တဲ့ အရည်အသွေးကြောင့် စိတ်ညစ်ဖို့ကောင်းတဲ့ အလုပ်ခွင်ဖြစ်ပေါ်လာမှုကို ရှောင်ရှားနိုင်ပါတယ်။

၄။ သူတို့ဟာ စင်းလုံးချောတွေမဟုတ်ပါ။ လူတွေဟာ စိတ်အားထက်သန်နေတဲ့အချိန်မှာ EI တွေအနေနဲ့ကတော့ စင်းလုံးချောဆိုတာ မဖြစ်နိုင်ဘူးဆိုတာ နားလည်ပါတယ်။ သူတို့ဟာ မကျွမ်းကျင်တဲ့အခါမှာ အမှားတွေကို လုပ်တတ်ပြီးတော့ အမှားတွေကနေတစ်ဆင့် ပြန်သင်ယူပါတယ်။

၅။ သူတို့ဟာ ဟန်ချက်ညီတဲ့သူတွေ ဖြစ်ကြပါတယ်။ သူတို့ဟာ ကျန်းကျန်းမာမာ အလုပ်နဲ့ ကိုယ်ပိုင်ဘဝဟန်ချက်ညီမှုဟာ ဘယ်လောက်ထိအရေးပါလည်းဆိုတာ သိပါတယ်။ သူတို့ဟာ အအိပ်၊ အစားကိုလည်းဂရုစိုက်ပြီးတော့ အလုပ်အပြင် တစ်ခြားစိတ်ဝင်စားစရာ ဝါသနာတွေကိုလည်း ထားရှိတတ်ပါတယ်။

၆။ သူတို့ဟာ စူးစမ်းလိုစိတ်ရှိသူများဖြစ်ကြပါတယ်။ မွေးရာပါ အသစ်အဆန်းတွေကို ရှာဖွေလိုစိတ်နဲ့ စူးစမ်းလိုစိတ်တွေက သူတို့အနားမှာရှိနေတဲ့ လူတွေကို ပျော်ရွှင်မှုအောင် လုပ်နိုင်ပါတယ်။ သူတို့ဟာ ကဲ့ရဲ့တာတွေထက် ဖြစ်နိုင်ချေတွေကို ပိုမိုရှာဖွေပါတယ်။ သူတို့ဟာ မေးခွန်းအများကြီးကို မေးလေ့ရှိပြီး အဖြေအသစ်တွေအတွက် အဆင်သင့်တံခါးဖွင့်ထားပါတယ်။

၇။ သူတို့ဟာ ချစ်ခင်နှစ်သက်ဖို့ကောင်းတယ်။ EI မြင့်တဲ့သူတွေဟာ တစ်နေ့တစ်နေ့ ဘယ်အရာတွေကို ကျေးဇူးတင်သင့်သလဲဆိုတာ အမြဲတွေးတောနေတတ်ပါတယ်။ သူတို့ဟာ ကိုယ့်ရဲ့ဘဝကို ချစ်ခင်မြတ်နိုးပြီးတော့ သူတစ်ပါးကို အဆိပ်အတောက်ဖြစ်စေတဲ့ သူမျိုးမဟုတ်တဲ့အပြင် သူတို့ဘဝကိုလည်း ဝင်ရောက်ဖျက်စီးခွင့် မပေးပါဘူး။

အဲ့ဒါကြောင့် ရိုးရာလေး ပရိတ်သတ်တွေလည်း ဒီအရည်အချင်းတွေထဲက ဘယ်နှစ်ချက်ပြည့်စုံနေပြီလည်း ဆိုတာ သုံးသပ်ပြီးတော့ EI မြင့်အောင် စွမ်းဆောင်ကြပါစို့လား

Ref: Success: 7 Qualities of People with High Emotional Intelligence

ကျေးကျေး (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top