လူလွန်မသားတွေက ဘာစီလိုနာကိုနိုင်အောင် ဘယ်လိုကန်သွားလဲမသိပါဘူးဆိုတဲ့ လီဗာပူးနည်းပြ ဂျာဂန်ကလော့

60047005_2365394960158077_4037920568555601920_n.jpg

အန်ဖီးလ်ကွင်းမှာ ဘာစီလိုနာကို (၄) ဂိုးပြတ် အနိုင်ယူပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲ တက်လှမ်းနိုင်ခဲ့တဲ့ လီဗာပူးကစားသမားတွေကို နည်းပြ ဂျာဂန်ကလော့က ချီးကျူးစကားဆိုခဲ့ပါတယ်။ ပထမအကျော့က နူးကမ့်ကွင်းမှာ (၃) ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ လီဗာပူးဟာ ဆာလာနေရာ အစားဝင်ကစားတဲ့ အော်ရီဂီ၊ ဒုတိယပိုင်းမှာ လူစားဝင်လာတဲ့ ဝစ်နယ်ဒမ်တို့ရဲ့ (၂) ဂိုးစီ သွင်းယူမှုနဲ့အတူ (၄) ဂိုးပြတ် အနိုင်ရခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် ၄-၃ ဂိုးနဲ့ မက်ဒရစ်မြို့မှာ ဗိုလ်လုပွဲကစားခွင့် ရရှိခဲ့တာပါ။

ဒီပွဲမှာ လီဗာပူးအသင်းသားတွေရဲ့ နေရာစုံလိုက်ပါကစားမှုက (၁၂၂) ကီလိုမီတာအထိရှိခဲ့ပြီး ဘာစီလိုနာအသင်းကတော့ (၁၀၅) ကီလိုမီတာပဲ ရှိခဲ့ပါတယ်။ ” သူတို့က လူလွန်မသားတွေပါ။ ခပ်ရိုင်းရိုင်းပြောလို့ ကျွန်တော့်ကို ဒဏ်ရိုက်ရင်လည်းရိုက်ဗျာ။ ဒီပွဲတစ်ပွဲလုံး အရမ်းမိုက်လွန်းတယ်။ တကယ့်ကိုဆန်းကြယ်တဲ့ပွဲစဉ်ပဲ။ ကျွန်တော်တို့ ရင်ဆိုင်ခဲ့ရတဲ့အသင်းက ကမ္ဘာ့အကောင်းဆုံးအသင်း ဖြစ်လောက်တယ်။ နိုင်ပွဲရဖို့ခက်ခဲတဲ့ပွဲမှာ ပေးဂိုးမရှိဘဲအနိုင်ကစားပြခဲ့တယ်။ လီဗာပူး ကစားသမားတွေ ဘယ်လိုလုပ်လိုက်လဲဆိုတာ ကျွန်တော်မသိဘူး။ မယုံနိုင်စရာပဲ”လို့ ဂျာဂန်ကလော့က ပြောပါတယ်။ လီဗာပူးအသင်းရဲ့ နိုင်ပွဲဟာ ဘယ်တော့မှအရှုံးမပေးဘဲ စိတ်ဓာတ်ခိုင်မာလွန်းတဲ့ နည်းပြ ဂျာဂန်ကလော့ရဲ့ စရိုက်ကို ထင်ဟပ်ပြခဲ့တဲ့ပွဲလို့ မန်ယူနည်းပြဟောင်း မော်ရင်ဟိုက ချီးကျူးခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top