အပူလောင်ဒဏ်ရာကိုကုသရင်း လူအများစုလုပ်မိနေတဲ့အမှားများ

1-6-2020-yyl-029.jpg

ဟင်းချက်ရင်းနဲ့ မတော်တဆ သင့်လက်ကို အပူလောင်သွားတဲ့အခါ အရင်ဆုံးဘာလုပ်ဖြစ်လဲ။ ရေခဲအုပ်တာ (သို့) ရေလောင်တာလား။ အင်တာနက်ပေါ်မှာ အပူလောင်ရင်း လုပ်သင့်တဲ့အချက်များစွာရှိပေမယ့် အရင်ဆုံး ဘာလုပ်ရမလဲဆိုတာကို ဇဝေဇဝါဖြစ်နေကြတုန်းပါပဲ။ အပူလောင်တာကို သက်သာသွားဖို့အတွက် လူတိုင်းနည်းမျိုးစုံနဲ့ ကြိုးစားကြပါတယ်။ ဒါပေမဲ့ သင်လုပ်တဲ့အရာရာတိုင်းက မမှန်ပါဘူး။ တစ်ခါတရံ အပူလောင်တာကို ကုသနေရင်းနဲ့ ဒဏ်ရာကို ပိုဆိုးရွားလာအောင် လုပ်မိတတ်ကြပါတယ်။ ဒါကြောင့် လူအများစု လုပ်မိနေတဲ့၊ ရှောင်ရှားသင့်တဲ့အမှားတချို့ကို စာဖတ်ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ရပါတယ်။

ရေလုံလုံလောက်လောက် အကြာကြီးမလောင်းတာ

အပူလောင်တဲ့အခါ အရင်ဆုံးလုပ်သင့်တဲ့အဆင့်က ရေထဲစိမ့်တာ (သို့) ရေလောင်းတာကို အနည်းဆုံး မိနစ် (၂၀) လုပ်သင့်ပါတယ်။ ရေက အခန်းတွင်းအပူချိန်လောက်ပဲရှိသင့်ပါတယ်။ အပူလောင်တာအခါမျိုးမှာ ဘယ်သူမှ ဒဏ်ရာကို အချိန်အကြာကြီး ရေလောင်တာမလုပ်မိကြပါဘူး။ အပူလောင်ဒဏ်ရာမှာ ရေခဲအုပ်မပေးသင့်ပါဘူး။ ဆဲလ်တစ်ရှုးတွေကို ပျက်စီးစေနိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

မီးလောင်ဖု၊ရည်ကြည်ဖုကို ဖောက်ပစ်တာ

အပူလောင်ဒဏ်က ရေကြည်ဖုအဖြစ်ပြောင်းသွားရင် ဖောက်ပစ်ဖို့မကြိုးစားပါနဲ့။ ရေကြည်ဖုကို ဖောက်ပစ်လိုက်မယ်ဆိုရင် ပိုးဝင်နိုင်ပါတယ်။ ရေကြည်ဖုက အရမ်းနာနေရင် ဆရာဝန်ပြကြည့်သင့်ပါတယ်။

ပဋိဇီဝဆေးတွေကို မလိမ်းတာ

အသေးစားအပူလောင်ခြင်းအတွက် ပဋိဇီဝဆေးမလိုအပ်ပါဘူး။ ဒါပေမဲ့ ပဋိဇီဝဆေးတွေက မလိုအပ်တဲ့နေရာတွေကိုလည်းပိုးသတ်နိုင်ပါတယ်။ ကျွန်တော်တို့ရဲ့အရေပြားက သူဘာသာ ကုသပေးနိုင်တဲ့ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ ဘတ်တီးရီးယားပိုးတွေရှိပါတယ်။ အလွန်သေးငယ်တဲ့ပိုးမွှားတွေကို တိုက်ဖျက်ပေးတဲ့ဆေးကို လိမ်းပေးသင့်ပါတယ်။

ထောပတ်လိမ်းတာ

ဒဏ်ရာမှာ ထောပတ် (သို့) သွားတိုက်ဆေး လိမ်းပေးတာက ဒဏ်ရာကို ပိုဆိုးရွားလာစေနိုင်ပါတယ်။ အဲဒါတွေအစား ဆေးဆိုင်တွေမှာရတဲ့ အလွန်သေးငယ်တဲ့ပိုးမွှားတွေကို တိုက်ဖျက်ပေးနိုင်တဲ့လိမ်းဆေးကို လိမ်းပေးသင့်ပါတယ်။ ဒဏ်ရာက နာတယ်ဆိုရင် အကိုက်အခဲပျောက်ဆေးကို သောက်ပေးလို့ရပါတယ်။

နေရောင်နဲ့ထိတွေ့တာ

အပူလောင်ဒဏ်ရာကို (၃) ရက်ကြာအောင် နေရောင်နဲ့မထိအောင်နေပါ။ အပြင်သွားစရာရှိတယ်ဆိုရင် ဒဏ်ရာကို နေရောင်မထိအောင် ဖုံးထားပါ။ နေရောင်ခြည်က ဒဏ်ရာကို အရည်ကြည်ဖုဖြစ်လာစေနိုင်ပါတယ်။ မျက်နှာမှာ အပူလောင်ထားတယ်ဆိုရင် ပုဝါနဲ့ဖုံးထားပါ။

သင့်မှာရှိတာက ဘယ်လိုအပူလောင်မျိုးလဲဆိုတာ သိအောင်လုပ်ဖို့အရေးကြီးပါတယ်။ အပူလောင်တာ နည်းနည်းလေးပဲဆိုရင် အိမ်မှာကုသလို့ရပါတယ်။ ဒါပေမဲ့ ပြင်းထန်တယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြကြည့်ဖို့လိုပါတယ်။

Ref: 5 mistakes you should never make while treating a burn

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top