ကြောက်စိတ်နဲ့ ကိုယ့်ကိုယ်ကို သံသယဝင်စိတ်တွေကို ကျော်လွှားနိုင်မယ့် အတွေး (၅) မျိုး

yyl-article-01.jpg

ကျွန်တော်တို့ အမှားတွေ အများကြီးလုပ်ပြီးသွားတဲ့အခါမှာ စိတ်ထဲမှာ ထားရမယ့်စည်းမျဉ်းတွေကို ရှိပါတယ်။

၁။ အောက်ခြေမခိုင်သေးတဲ့အချိန်မှာ ပန်းတိုင်ကို မချလိုက်ပါနဲ့။ အားကစားလေ့ကျင့်ခန်းသင်တန်းပေးသူတစ်ယောက်အနေနဲ့ ကာယကြံ့ခိုင်မှုပြိုင်ပွဲတွေကို ပြိုင်ဖို့ရှောင်နေပြီး အိမ်မှာရှိတဲ့ အလေးတွေနဲ့ အလေးမလေ့ကျင့်ခန်းတွေကိုသာ လုပ်ချင်နေမယ်ဆိုရင် သူဟာ အခြေမခိုင်သေးလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် လုံခြုံသက်သာတဲ့ နေရာမှာဘဲ ကျဆုံးနေမိတာကလည်း ကိုယ့်ကိုယ်ကိုပြန်ထိန်းနိုင်ဖို့ ကောင်းတဲ့နည်းလမ်းတစ်ခုပါဘဲ။ သင်ဟာ ဒီလိုသက်သောင့်သက်သာရှိတဲ့နေရာ မှာ နေနေမိနေတာကလည်း တကယ့်ကျဆုံးမှုကြီးတစ်ခု မဟုတ်ပါဘူး။ ဒါဟာလည်းသင့်ရဲ့ ရပ်တည်ချက်တစ်ခုကို ထိန်းသိမ်းနေတာပါဘဲ။ သင့်ဟာ သင့်သောင့်သက်သာ မရှိဘူးဆိုတာကို မခံစားနိုင်သ၍ အလုပ်အသစ်တွေကို စလုပ်ဖို့ ကြိုးစားနိုင်မှာ မဟုတ်ပါဘူး။

၂။ သင့်ရဲ့ ကျဆုံးမှုကို ဘယ်သူကမှ ဂရုစိုက်မနေပါဘူး။ သင်ဟာအောင်မြင်လာချင် အောင်မြင်လာမယ်။ ကျဆုံးချင်ကျဆုံးမယ်။ ဒါပေမယ့် နေရာတော်တော်များများမှာတော့ သင့်ကို ဘယ်သူမှဂရုစိုက်မှာမဟုတ်ပါဘူး။ ဒါကလည်း ကောင်းတဲ့အရာတစ်ခုပါ။ လောကကြီးက ကျယ်ဝန်းပြီးတော့ သင်ဟာသေးငယ်ပါတယ်။ အဲ့ဒါကြောင့်သင့်ရဲ့ အိမ်မက်ပန်းတိုင်ကို လူတွေဘယ်လိုမြင်သလဲဆိုတာ မတွေးဘဲနဲ့ လိုက်လံရှာဖွေရယူနိုင်ပါတယ်။

၃။ သင်အစပြုတဲ့ နေရာကိုမကြိုက်တာနဲ့ဘဲ သင်စမလုပ်သင့်ဘူးလို့ မဆိုလိုပါဘူး။ ကျွန်တော် စာရေးဆရာဖြစ်ဖို့ စာအုပ်စရေးတုန်းက ဒီထက်ကောင်းအောင် ပိုရေးသင့်တယ်။ ကျွန်တော် စီးပွားရေးလုပ်ငန်း အတွက် စွန့်ဦးတီထွင်သူတစ်ယောက်ဖြစ်လာဖို့ ဒီထက်ငါပိုတော်နေသင့်ခဲ့တာ။ ငါကင်မရာကို ကောက်ကိုင်လိုက်တဲ့အချိန်မှာ ငါဟာ ဒီထက်ကောင်းတဲ့ ဓာတ်ပုံရိုက်တဲ့သူ ဖြစ်နေခဲ့သင့်တာ။ အဲ့ဒါတွေထက် ငါဟာ မပြီးပြည့်စုံပေမယ့် အစပိုင်းမှာ မကောင်းပေမယ့် စတင်ပြီးလုပ်ဆောင်ဖို့ ငါရွေးချယ်ခဲ့တဲ့အတွက် ငါပျော်တယ် ဆိုပြီးတော့ တွေးသင့်ပါတယ်။ ကြောက်စိတ်တွေနဲ့ မသေချာတဲ့စိတ်က သင့်ကို အဆင်သင့်မဖြစ်ဘူးဆိုတဲ့ ခံစားချက်ကို ဖြစ်ပေါ်စေပါတယ်။

• ဒီစာမေးပွဲကိုမဖြေခင် စာလေ့လာဖို့လိုအုပ်တယ်။

• ငါမပြိုင်ခင် လေ့ကျင့်ဖို့လိုအပ်တယ်။

• ငါစီးပွားရေးလုပ်ငန်းကိုမစတင်ခင် ဘွဲ့တစ်ခု ရထားသင့်တယ်။ ဒီမှာ သင်ပြောင်းပြန်ပြန်တွေးရမယ့် အရမ်းခက်ခဲတဲ့ မေးခွန်းတစ်ခုရှိပါတယ်။ သင့်အခုလုပ်နေတာကို ဆက်ပြီးထိန်းထားဖို့အတွက် သင်တကယ်လုပ်နိုင်တာကိုစလုပ်ဖို့ ဘယ်အချိန်ထိ ဆွဲထားမှာလဲ။

၄။ မသေချာတဲ့အရာတွေကို သေချာအောင်လုပ်မနေပါနဲ့။ သင့်ကိုကျဆုံးမယ်ဆိုပြီးတော့ ဘယ်သူကများပြောသလဲ။ လူတစ်ယောက်က အဲ့ဒီအလုပ်အင်တာဗျူးကို မအောင်ရင် သင်လည်းမအောင်ဘူးလို့ ဘယ်သူကပြောသလဲ။ စာအုပ်တိုက်က သင့်သူငယ်ချင်းရဲ့ စာအုပ်ကိုမကြိုက်ဘူးဆိုပေမယ့် သင့်စာအုပ်ကြိုက်သွားနိုင်မယ်လို့ ပြောနိုင်ပါသလား။ သင်က ဝိတ်ချချင်ချခဲ့မယ့် ဒါပေမယ့် အခုဝိတ်ချရင်လည်း မကျသွားနိုင်ဘူးလို့ ဘယ်သူပြောသလဲ။ ကျဆုံးမှာ သေချာနေတယ်လို့ တွေးနေတာတွေ၊ ပြုမူနေတာတွေကို ရပ်လိုက်ပါ။ ကျဆုံးမှာမဟုတ်ပါဘူး။

၅။ တကယ့်ကိုကျဆုံးမှုကြီးတစ်ခုဟာလည်း ပထမဦးစားပေးနေရာမှာ ဘယ်တော့မှရှိမနေပါဘူး။ ကျွန်တော်တို့ဟာ ကြောက်စိတ်တွေ၊ မသေချာမှုတွေ၊ ထိခိုက်လွယ်မှုတွေနဲ့ အမြဲရင်ဆိုင်နေရတာပါ။ ကံမကောင်းချင်တော့ ကျွန်တော်တို့တော်တော်များများဟာ အဲ့ဒီခံစားချက်တွေကို ကျွန်တော်တို့ရဲ့ နေ့စဉ်အပြုအမူတွေမှာ ထည့်သုံးမိသွားကြပါတယ်။ ဒါကြောင့် ရိုးရှင်းတဲ့ ဆုံးဖြတ်ချက်တစ်ခုကိုချဖို့ သင့်ရဲ့ လုပ်ဆောင်ချက်ဟာလည်း သူများတွေနဲ့ ကွာခြားသွားတတ်ကြပါတယ်။ သင်လုပ်တဲ့အလုပ်တိုင်းဟာ ကြီးမားမြင့်မြတ်ကောင်းမွန်နေစရာမလိုပါဘူး။ သင်လုပ်တဲ့အလုပ်တွေဟာ သင်ကိုယ်တိုင်ဆုံးဖြတ်ပြီးမှ လုပ်တဲ့အလုပ်ဖြစ်ဖို့လိုပါတယ်။ လူတော်တော်များများ ဆင်ခြေပေးရှောင်ဖယ်ပြီး လုပ်ကြတဲ့အလုပ်ကို သင်ကလုပ်ဆောင်နိုင်ပြီး အောင်မြင်မှုကို ခံစားရယူနိုင်ပါတယ်။

Ref: James Clear

ကျေးကျေး (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top