ဟော်လန်နိုင်ငံရဲ့ အကြီးဆုံး ကိုကင်းထုတ်လုပ်ရေး ဓာတ်ခွဲခန်း တွေ့ရှိ

12-8-2020-yyl-002.jpg

မြင်းစီးသင်တန်းကျောင်းအဟောင်းမှာ တွေ့ရှိခဲ့တဲ့ ကိုကင်းထုတ်လုပ်ရေး ဓာတ်ခွဲခန်းက ဟော်လန်နိုင်ငံရဲ့ အကြီးဆုံး ကိုကင်းဓာတ်ခွဲခန်းဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဟော်လန်ရဲတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ သောကြာနေ့က ဟော်လန်နိုင်ငံမြောက်ပိုင်းက မြင်းစီးသင်တန်းကျောင်းကို ဝင်ရောက်စီးနင်းပြီး အနည်းဆုံး သံသယရှိသူ ၁၇ ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။ အဲဒီဓာတ်ခွဲခန်းဟာ တစ်နေ့ကို ကိုကင်းအလေးချိန် ပေါင် ၃၃၀ ကနေ ၄၄၀ အထိ ထုတ်လုပ်နိုင်တယ်လို့ ရဲမှူးချုပ် ဗန်ရစ်က ပြောပါတယ်။ အဲဒီပမာဏဟာ ဈေးကွက်တန်ကြေး အမေရိကန်ဒေါ်လာ ၅.၃ သန်းရှိပါတယ်။ သံသယရှိသူအများစုက ကိုလံဘီယာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူပါ။

ဒါ့အပြင် ဟော်လန်နိုင်ငံအလယ်ပိုင်း အပယ်ဒွန်းမြို့မှာလည်း အလေးချိန် တန် ၁၂၀ ရှိတဲ့ ကိုကင်းသယ်ဆောင်ရေးပစ္စည်းတွေ တွေ့ရှိခဲ့ပါတယ်။ အထူးသဖြင့် ကိုကင်းစိမ်လို့ရတဲ့ အဝတ်အစားတွေပါ။ သယ်ဆောင်ချင်တဲ့နေရာ ရောက်သွားရင် အဲဒီအဝတ်အစားတွေထဲမှာ စိမ့်ဝင်နေတဲ့ ကိုကင်းတွေကို ဓာတုနည်းပညာနဲ့ ထုတ်ယူတဲ့ပုံစံမျိုးဖြစ်ပါတယ်။

Ref: BBC ” Netherlands’ largest cocaine lab found in former riding school”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top