သံသယရှိသူကို မြွေနဲ့ ခြောက်လှန့်စစ်မေးမှုအတွက် အင်ဒိုနီးရှားရဲတပ်ဖွဲ့ ပြန်တောင်းပန်

hot6.jpg

*သတိ* မြွေကြောက်တတ်သူများ ဝင်ရောက်ဖတ်ရှုရန် မသင့်ပါ။

မိုဘိုင်းဖုန်းတွေ ခိုးယူခဲ့တယ်လို့ သံသယရှိသူကို မြွေပြပြီး ခြောက်လှန့်စစ်ဆေးမေးမြန်းခဲ့တဲ့ လုပ်ရပ်အတွက် အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ပြန်တောင်းပန်ခဲ့ပါတယ်။ ပါပူအာဒေသအရှေ့ပိုင်းက ရဲစခန်းမှာ ရိုက်ကူးထားတဲ့ရုပ်သံမှတ်တမ်းအရ စစ်ဆေးမေးမြန်းသူက သံသယရှိသူကို မြွေနဲ့ ကိုက်ခိုင်းတော့မလို လုပ်ခဲ့တာ တွေ့ရပါတယ်။

သံသယရှိသူက ကြောက်လန့်တကြား အော်ဟစ်ချိန်မှာ ရဲအရာရှိတွေက ရယ်မောခဲ့ကြပါတယ်။ အဲဒီလုပ်ရပ်ဟာ ပရော်ဖက်ရှင်နယ်မပီသဘူးလို့ ဒေသခံရဲမှူးချုပ်က ဆိုပါတယ်။ ဒါပေမဲ့ သံသယရှိသူကို ခြောက်လှန့်ဖို့ အသုံးပြုခဲ့တဲ့ မြွေဟာ မြွေလိမ္မာဖြစ်ပြီး အဆိပ်မရှိဘူးလို့ ပြောပါတယ်။ ဒီဖြစ်ရပ်မှာ ပါဝင်ခဲ့သူတွေကို ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ သူက ပြောပါတယ်။ သိပ်မကြာသေးခင်ကလည်း ပါပူအာဒေသ ကိုယ်ပိုင်လွတ်လပ်ရေးရဖို့ လှုပ်ရှားခဲ့တဲ့ တက်ကြွလှုပ်ရှားသူတစ်ယောက်ကို ရဲအရာရှိတွေက မြွေတွေနဲ့အတူ အကျဉ်းထောင်အခန်းထဲ ထည့်ထားခဲ့ဖူးတယ်လို့ လူ့အခွင့်အရေးရှေ့နေ ဗီရိုနာကာကိုမန်းက ပြောပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top