ပါကစ္စတန်နိုင်ငံရဲ့ ဦးနှောက်ယိုစီးမှု

24.8.23-yyl-9.jpg

၂၀၂၃ ခုနှစ် ပထမနှစ်ဝက်ကျော်ကာလအတွင်း ပြည်ပထွက် အလုပ်လုပ်တဲ့ ပါကစ္စတန်နိုင်ငံသား ၄ သိန်းခွဲကျော်ရှိခဲ့ပါတယ်။ စီးပွားရေးစိန်ခေါ်မှုတွေ ကြုံတွေ့နေရတဲ့ ပါကစ္စတန်နိုင်ငံမှာ လုပ်ခလစာ နည်းပါးပြီး လူနေမှုစရိတ် ကြီးမြင့်လာတဲ့ အခြေအနေ ရင်ဆိုင်နေရပါတယ်။

ဒီအတွက် ပညာတတ်လူငယ်တွေနဲ့ ကျွမ်းကျင်ရည်ပြည့်ဝတဲ့ လုပ်သားတွေ ပြည်ပထွက် အလုပ်လုပ်မှု တဟုန်ထိုး မြင့်တက်လာခဲ့တာပါ။ ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်အတွင်း ပြည်ပထွက်ခွာသူတွေအနက် သက်ဆိုင်ရာ လုပ်ငန်းခွင်တွေမှာ ထိပ်တန်းကျွမ်းကျင်အဆင့်ရှိသူ လုပ်သား ၁၂၇၈၇ ယောက်၊ ကျွမ်းကျင်မှု မြင့်မားသူ ၂၆၄၀၅ ယောက်၊ ကျွမ်းကျင်အဆင့်ရှိသူ ၁၆၄၁၅၅ ယောက်ရှိတယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်ပအလုပ်သမားရေးရာဗျူရိုရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပါကစ္စတန်နိုင်ငံသားတွေ အများဆုံး သွားတဲ့ နိုင်ငံကတော့ ဆော်ဒီဖြစ်ပြီး ယူအေအီးနိုင်ငံကတော့ ဒုတိယနေရာမှာ ရှိနေပါတယ်။ အိုမန်၊ ကာတာ၊ ဘာရိန်းတို့လို ပင်လယ်ကွေ့နိုင်ငံတွေမှာလည်း ပါကစ္စတန်နိုင်ငံသားတွေ ဝင်ရောက်မှု မြင့်တက်နေပါတယ်။

Ref: Pakistan’s Brain Drain

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top