လမ်းခွဲလိုက်ကြပြီဖြစ်တဲ့ BLACKPINK အဖွဲ့ဝင် ဂျီဆူးနဲ့ အန်ဘိုဟွန်း

24.10.23-yyl-10.jpg

ကိုရီးယားနာမည်ကျော်အဆိုအဖွဲ့ BLACKPINK အဖွဲ့ဝင် ဂျီဆူးနဲ့ မင်းသား အန်ဘိုဟွန်းတို့ဟာ သူတို့ရဲ့ဆက်ဆံရေးကို အဆုံးသတ်လိုက်ပါပြီ။ သူတို့လမ်းခွဲလိုက်ပြီဆိုတဲ့သတင်းက အောက်တိုဘာ ၂၄ ရက်နေ့မှာ ထွက်ရှိလာခဲ့တာပါ။

“ဂျီဆူးနဲ့ အန်ဘိုဟွန်းတို့ရဲ့ဆက်ဆံရေးက အလုပ်အရမ်းများတာကြောင့် ဝေးကွာဖို့ဖြစ်လာခဲ့ပြီး မကြာသေးခင်ကမှ လမ်းခွဲခဲ့ကြတယ်” လို့ သတင်းထွက်ရှိခဲ့တာပါ။ ဒီသတင်းနဲ့ပတ်သက်ပြီး BLACKPINK ရဲ့အေဂျင်စီ YG Entertainment က အခုလို အတည်ပြုပေးခဲ့ပါတယ်။ “ဂျီဆူးနဲ့ အန်ဘိုဟွန်းတို့ လမ်းခွဲလိုက်တာ မှန်ပါတယ်”လို့ ဆိုပါတယ်။

ဂျီဆူးနဲ့ အန်ဘိုဟွန်းတို့ ချစ်သူဖြစ်နေတယ်ဆိုတာကို ဩဂုတ်လကမှ အတည်ပြုခဲ့တာပါ။

Ref: BLACKPINK’s Jisoo And Ahn Bo Hyun Confirm Breakup

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top