တောမီးလောင်ကျွမ်းမှုမှာ ရေလှောင်ကန်ထဲ ဝင်နေသူ အသက်ဘေးမှ လွတ်မြောက်

96544508_52361e24-6b6b-4d37-a26a-d25fcdb78981.jpg

အနည်းဆုံး လူ ၆၃ ဦး သေဆုံးခဲ့တဲ့ ပေါ်တူဂီနိုင်ငံက တောမီးလောင်ကျွမ်းမှုမှာ ရေလှောင်ကန်ထဲ ဝင်နေခဲ့သူ ၁၂ ဦးကတော့ အသက်ဘေးက လွတ်မြောက်ခဲ့ပါတယ်။

အသက် ၉၅ နှစ်အရွယ် မသန်စွမ်း အဘွားအိုတစ်ဦး အပါအဝင် နိုဒိုင်ရင်ဟို (Nodeiriho) ရွာက လူ ၁၂ ဦးဟာ ရေလှောင်ကန်ထဲမှာ ခြောက်နာရီကြာ ဝင်နေခဲ့ရတယ်လို့ သိရပါတယ်။ နိုဒိုင်ရင်ဟိုရွာဟာ မီးအကြီးအကျယ် လောင်ကျွမ်းခံရတဲ့ IC8 ကားလမ်းဘေးမှာ ရှိပါတယ်။

ဆီယူဆေးလ်ဗားလို့ အမည်ရတဲ့ အမျိုးသမီးဟာ ခန္ဓာကိုယ် မသန်စွမ်းတဲ့ သူ့အမေကို ကယ်တင်နိုင်ဖို့ ကြိုးစားရင်း ရေလှောင်ကန်ထဲ ဝင်နေဖို့ အကြံရခဲ့တာ ဖြစ်ပါတယ်။ သူဟာ အခြားသူတွေကိုလည်း သူ့ အိမ်ရေလှောင်ကန်ထဲ ခေါ်ထားပြီး အသက်ကယ်နိုင်ခဲ့တဲ့အတွက် သူရဲကောင်း တစ်ဦးအဖြစ် ချီးကျူးခံနေရပါတယ်။

ပြီးခဲ့တဲ့စနေနေ့က စတင်လောင်ကျွမ်းခဲ့တဲ့ တောမီး လောင်ကျွမ်းမှုကို ငြိမ်းသတ်နိုင်ဖို့ မီးသတ်သမား ၁၀၀၀ ကျော်က ကြိုးစားနေပြီး မိုးအနည်းငယ် ရွာသွန်းနေပေမယ့် လေးဘက်လေးလံမှာ အရှိန်အဟုန်ပြင်းပြင်းနဲ့ မီး ကူးစက်ပျံ့နှံ့နေတုန်းပဲလို့ ဘီဘီစီသတင်းဌာနက ဖော်ပြပါတယ်။ ပေါ်တူဂီရဲတပ်ဖွဲ့ကတော့ မိုးကြိုးပစ်ရာကနေတစ်ဆင့် တောမီးလောင်ကျွမ်းခဲ့တာ ဖြစ်မယ်လို့ ယူဆထားကြောင်း ပြောထားပါတယ်။

Ref: BBCnews; Portugal forest fire: 12 survive by hiding in a water tank

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top