ခရီးသည်တင်ရထားအသံချဲ့စက်ကနေ ညစ်ညမ်းဇာတ်ကားသံ ထုတ်လွှင့်မှုဖြစ်ပွား

train.jpg

အင်္ဂလန်နိုင်ငံအနောက်တောင်ပိုင်းကရထားလိုင်းမှာ စီးနင်းလိုက်ပါလာခဲ့ကြသူတွေဟာ ရထားအသံချဲ့စက်က ညစ်ညမ်းဇာတ်ကားအသံတွေ ထွက်လာတာကြောင့် စိတ်ညစ်ခဲ့ကြရတယ်လို့ သိရပါတယ်။ ရထားစီးနင်းလာသူ ပေါလ် ဘရန်တန် (Paul Brunton) ကတော့ ညစ်ညမ်းကားထဲကအသံတွေထွက်လာစဉ်မှာ ရိုက်ခဲ့တဲ့ဗီဒီယိုကို တွစ်တာမှာ တင်ခဲ့ပါတယ်။

ရထားစီးနေစဉ်အတွင်း ဘာကြောင့် အသံချဲ့စက်ထဲကနေ ညစ်ညမ်းဇာတ်ကားအသံတွေထွက်လာရတာလဲဆိုရင် ရထားဝန်ထမ်းတစ်ယောက်က အသံချဲ့စက်နဲ့ ချိတ်ထားတဲ့ကွန်ပျုတာမှာ ညစ်ညမ်းကားတွေကြည့်ထားတာကြောင့် ဖြစ်နိုင်ချေရှိပါတယ်။ ခရီးသည်ဘရန်တန်က ဗီဒီယိုကို “ရထားမောင်းကတော့ အသံချဲ့စက်ကိုဖွင့်ထားရက်နဲ့ ညစ်ညမ်းကားတွေကိုကြည့်တာပါ”လို့ ရေးပြီး တင်ခဲ့ပါတယ်။ ဗီဒီယိုထဲမှာ အမျိုးသမီးတစ်ယောက်က “ဒီအသံက ရထားမောင်းသမားဆီကနေလာတာလား” လို့ မေးသံကိုလည်း ကြားရပါတယ်။

အသံ ဘယ်ကနေလာလဲဆိုတာတွေဝေနေတုန်း အခြားခရီးသွားတစ်ယောက်က “မဟုတ်ဘူး။ အဲဒီအသံဟာ တစ်ယောက်ယောက်ရဲ့ ဖုန်းကနေလာတာ ဖြစ်မှာပါ”လို့ ပြန်ဖြေခဲ့ပါတယ်။ တွစ်တာမှာတင်ထားတဲ့ဗီဒီယိုကို ကြည့်သူ (၈) သိန်း နီးပါးရှိခဲ့ပြီး ကွန့်မန်တွေရေးခဲ့ကြပါတယ်။ တွစ်တာအသုံးပြုသူ တစ်ယောက်က “အနည်းဆုံးတော့ လူတစ်ယောက်ရဲ့ ပျော်ရွင်မှုကြောင့် အလုပ်တောင်ရှုပ်သွားကြမှာပဲ”လို့ ဟာသနှောရေးခဲ့ပါတယ်။

အနောက်တောင်ပိုင်းကို ပြေးဆွဲလာတဲ့မီးရထားရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဒီဖြစ်စဉ်အတွက်တောင်းပန်ကြောင်းနဲ့ တရားခံဘယ်သူလဲဆိုတာကို စုံစမ်းနေကြောင်း ဖြေရှင်းချက်ပေးခဲ့ပါတယ်။ သူက “ဝန်ဆောင်မှုပေးနေစဉ်မှာ ဘယ်လိုကြောင့် ဒီလိုမတော်တဆဖြစ်ရတာလဲဆိုတာကို စုံစမ်းနေပါတယ်။ မနေ့ကဖြစ်ခဲ့တဲ့မတော်တဆက လုံး၀လက်သင့်ခံစရာ မရှိပါဘူး။ ခရီးသည်တွေအားလုံးကို တောင်းပန်ပါတယ်” လို့လည်း ပြောခဲ့ပါတယ်။

Ref: Sky News “South Western Rail investigating after worker ‘broadcasts porn’ to giggling passengers”
Ah Zaw Latt (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top