ကိုဗစ်ရောဂါပိုးရှိမရှိ လူ့ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းတစ်ခုကို ခွေးတွေအနံ့ခံခြင်းဖြင့်လည်းသိနိုင်

16-12-2020-yyl06.jpg

အခုထိတော့ နှာခေါင်း၊ အာခေါင်တို့ဖတ်ယူပြီးတော့ ကိုဗစ်ရောဂါပိုးရှိမရှိစစ်ဆေးတာက ရောဂါပိုးစစ်ဆေးမှုအများဆုံး နည်းလမ်းဖြစ်နေပါတယ်။ ကိုဗစ်ရောဂါပိုးစစ်ဆေးဖို့အတွက် နောက်တစ်နည်းရှိတယ်လို့ သုတေသီတွေက ဆိုပါတယ်။ ကိုဗစ်ရောဂါပိုးရှိမရှိသိနိုင်ဖို့အတွက် သင့်ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုကို ခွေးတွေ အနံ့ခံခြင်းနည်းနဲ့ စမ်းသပ်နိုင်တယ်လို့ သိရပါတယ်။ လေ့လာချက်အသစ်အရ ခွေးတွေက လူ့ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းတစ်ခုကနေ ကိုဗစ်ရောဂါပိုးကို အနံ့ခံနိုင်တယ်လို့ ဆိုပါတယ်။

PLOS One ဂျာနယ်မှာ ရိုက်နှိပ်ခဲ့တဲ့ လေ့လာချက်အသစ်အရ လေ့ကျင့်သင်ကြားပေးထားတဲ့ခွေးတွေက လူတွေရဲ့ချိုင်းကြားကချွေးကို အနံ့ခံခြင်းဖြင့် ကိုဗစ်ပိုးကို ရှာဖွေနိုင်တယ်လို့ ဆိုထားပါတယ်။ အရင်ကတော့ လေဆိပ်တွေမှာ ခရီးသည်တွေ ကိုဗစ်ရောဂါပိုးရှိမရှိကို ခွေးတွေက သူတို့ရဲ့နှာခေါင်း၊အာခေါင်းတို့ဖတ်ကို အနံ့ခံခြင်းဖြင့် စမ်းသပ်ရှာဖွေခဲ့တာဖြစ်ပါတယ်။

အခုလေ့လာချက်မှာ COVID-19 လက္ခဏာရပ်တွေပြခဲ့တဲ့ လူ (၉၅) ဦးနဲ့ ကိုဗစ်လက္ခဏာရပ်တွေမပြခဲ့တဲ့၊ ကိုဗစ်ပိုးမရှိခဲ့တဲ့ လူ (၈၂) ဦး စုစုပေါင်း ၁၇၇ ဦး ပါဝင်ခဲ့ပါတယ်။ အဲဒီလူတွေကို လေ့ကျင့်သင်ကြားပေးထားတဲ့ခွေး (၆) ကောင်နဲ့ ချိုင်းကြားက ချွေးတွေကို စမ်းသပ်စေခဲ့ပါတယ်။ ခွေး (၃) ကောင်က ဗုံးအနံ့ခံဖို့ လေ့ကျင့်ပေးထားတာပါ။ (၂) ကောင်ကတော့ အူမကြီးကင်ဆာကို စစ်ဆေးဖို့အတွက် လေ့ကျင့်ပေးထားတာပါ။ နောက် (၁) ကောင်ကတော့ ကယ်ဆယ်ရှာဖွေရေးအတွက် လေ့ကျင့်ပေးထားတာဖြစ်ပါတယ်။

အဲဒီခွေးတွေကို ကိုဗစ်လူနာတွေရဲ့ချွေးကို အနံ့ခံစေခြင်းဖြင့် COVID-19 ရောဂါပိုးကို စစ်ဆေးဖို့အတွက် လေ့ကျင့်သင်ကြားပေးခဲ့ပြီးတဲ့နောက်မှာ ကိုဗစ်ရောဂါပိုးရှိတဲ့သူရော၊ ရောဂါပိုးမရှိတဲ့သူတွေကိုပါ ပေါင်းထားတဲ့ လူအုပ်စုကနေ ချိုင်းချွေးအနံ့ကို အနံ့ခံခိုင်းခဲ့ပါတယ်။ လေ့ကျင့်ပေးထားတဲ့ ခွေး (၆) ကောင်မှာ COVID-19 ကို အနံ့ခံနိုင်တဲ့ တိကျမှုနှုန်းထားက (၇၆) ရာခိုင်နှုန်းကနေ ၁၀၀ ရာခိုင်နှုန်းကြားဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလေ့လာတွေ့ရှိချက်တွေကို အခြေခံပြီး လူတွေကို ကြိုတင်စစ်ဆေးဖို့ (သို့) တချို့အခြေအနေတွေမှာ လျင်မြန်စွာစစ်ဆေးမှုပြုလုပ်နိုင်ဖို့ ခွေးရဲ့အနံ့ခံရှာဖွေမှုကို လျင်မြန်တဲ့၊ ယုံကြည်စိတ်ချရပြီးဈေးပေါတဲ့ ကိရိယာတစ်ခုအနေနဲ့ အသုံးပြုနိုင်ဖို့ ဖြေနိုင်ခြေကို ရှာဖွေဖော်ထုတ်ဖို့က အရေးကြီးတယ်လို့ သုတေသီတွေက ဆိုထားပါတယ်။

Ref:TOI”This body part can determine if you have COVID: Study”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top