မြန်မြန်အိုမင်းရင့်ရော်လာအောင် လုပ်မိနေတဲ့ နေထိုင်မှုပုံစံအလေ့အထများ

17-6-2021-yyl-40.jpg

အိုမင်းရင့်ရော်လာမှာကို ဘယ်လိုမှ ရှောင်လွှဲလို့မရပါဘူး။ ဒါပေမဲ့ နှောင့်နှေးအောင်တော့ လုပ်လို့ရပါတယ်။ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်အောင် မိမိကိုယ်တိုင် လုပ်မိနေပြီလား။ အဲဒီလို လုပ်မိနေတယ်ဆိုရင်တော့ နေထိုင်မှုပုံစံကို ပြောင်းလဲပစ်ဖို့ လိုလာပါပြီ။ သင့်ရဲ့ တစ်နေ့တာမှာ လုပ်မိနေတဲ့ အလေ့အကျင့်တွေက သင့်ကို မြန်မြန်အိုမင်းရင့်ရော်လာစေနိုင်တာပါ။ တချို့အရာတွေကတော့ လူတော်တော်များများ လုပ်မိနေကြတာပါ။ မရည်ရွယ်ဘဲ နေ့တိုင်းလိုလို လုပ်မိတတ်ကြပါတယ်။ ဘယ်လို နေထိုင်မှုပုံစံတွေက သင့်ကိုမြန်မြန်အိုမင်းရင့်ရော်စေနိုင်သလဲဆိုရင်

ဖုန်းသုံးတာ၊ ကွန်ပျူတာသုံးတာများတာ

ဖုန်းစကရင်နဲ့ ကွန်ပျူတာစကရင်တွေကထွက်တဲ့ အပြာရောင်အလင်းတွေနဲ့ ထိတွေ့မိလွန်းတာက အရွယ်မတိုင်ခင် အိုမင်းရောင့်ရော်မှုကို အစပျိုးစေနိုင်ပါတယ်။ အခုအချိန်ထိလည်း တချို့လူတွေက work from home လုပ်နေကြရတဲ့အပြင် အွန်လိုင်းကနေ အစည်းအဝေးတွေလည်း လုပ်ကြရပါတယ်။ ဒါကြောင့် ဖုန်းစကရင်၊ ကွန်ပျူတာ စကရင်တွေနဲ့ ပိုပြီး ထိတွေ့မိလာရပါတယ်။ Work from home လုပ်နေရတဲ့အချိန်မှာ ဆိုရှယ်မီဒီယာအသုံးပြုတဲ့အချိန်၊ ဇာတ်လမ်းတွဲကြည့်တဲ့အချိန်တွေကို လျော့ချပေးနိုင်ပါတယ်။

အချိန်မှန်မအိပ်တာ

အချိန်မှန် မအိပ်တာကလည်း အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာတွေဖြစ်လာနိုင်တဲ့ နောက်ထပ်အချက်ပါပဲ။ ညဘက် နောက်ကျမှ အိပ်စက်ပြီး အိပ်ချိန်လုံလုံလောက်လောက်မရရင် အိုမင်းရင့်ရော်မှု မြန်စေတဲ့အပြင် နှလုံးရောဂါဆိုင်ရာရောဂါတွေကိုလည်း ဖိတ်ခေါ်လို့နေပါတယ်။

ဆေးလိပ်သောက်တာ

ဆေးလိပ်သောက်တာက ကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး သင့်ကို နဂိုရှိနေတဲ့အသက်ထက် ပိုအသက်ကြီးသလိုဖြစ်စေတယ်ဆိုတာကို ကျွန်တော်တို့အားလုံးသိထားကြပါတယ်။ အိုမင်းရင့်ရော်စေတဲ့ လက္ခဏာရပ်တွေကိုလည်း ပေးစွမ်းနိုင်ပြီး သင့်ကျန်းမာရေးမှာ ဆိုးရွားစွာ သက်ရောက်မှုရှိစေနိုင်ပါတယ်။ ဆေးလိပ်သောက်တာက ဆဲလ်တွေကို ပြန်လည်အားပြည့်လာဖို့ အသားရေရဲ့စွမ်းဆောင်နိုင်ရည်ကို ရပ်တန့်စေတဲ့အတွက် သင့်ကို ပိုပြီးအသက်ကြီးတဲ့ပုံပေါ်စေတာဖြစ်ပါတယ်။

ကျန်းမာရေးနဲ့မညီညွှတ်စွာ စားသောက်တာ

ကျန်းမာရေးနဲ့မညီညွှတ်စွာ စားသောက်နေထိုင်တာက ကျန်းမာရေးနဲ့မညီညွှတ်တဲ့ကိုယ်ခန္ဓာဖြစ်စေတဲ့ အကြီးမားဆုံးအကြောင်းအရင်းပါပဲ။ ကျန်းမာရေးနဲ့ညီညွှတ်စွာ မစားသောက်တာ၊ ကိုယ်လက်လှုပ်ရှားမှုလုံလုံလောက်လောက်မရှိတာက သင့်အရေပြားတွေကို ပြောင်းလဲလာစေပြီး အိုမင်းရင့်ရော်လာစေပါတယ်။ သစ်သီးတွေကို ပိုပြီးစားပေးပါ။ သဘာဝသစ်သီးဖျော်ရည်နဲ့ ကျန်းမာရေးညီညွှတ်တဲ့သွားရည်စာတွေကို စားသုံးပေးပါ။

အသားရေကို ဂရုမစိုက်တာ

အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို ဖြစ်စေနိုင်တဲ့ နေထိုင်မှုပုံစံတွေထဲမှာ သင့်အသားရေကို ဂရုမစိုက်ဖြစ်တာလည်း ပါဝင်ပါတယ်။ သင့်အသားရေကျန်းမာရေးကို ထိန်းသိမ်းဖို့အတွက် တစ်နေ့တာအသားရေထိန်းသိမ်းတာကို ပုံမှန်လုပ်ပေးသင့်ပါတယ်။ အသားရေထိန်းသိမ်းနည်းမျိုးစုံစရာတော့မလိုပါဘူး။ မနက်တစ်ကြိမ် ညတစ်ကြိမ် မျက်နှာသန့်စင်ပေးတာ၊ moisturizer လိမ်းတာ၊ အပြင်ထွက်တဲ့အခါ နေလောင်ဒဏ်လိမ်းခရင်မ်လိမ်းတာတွေကိုတော့ သေချာလုပ်ပေးရမှာဖြစ်ပါတယ်။

Ref: Lifestyle habits that can secretly make you age faster

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top