ပိရမစ်တစ်ခုအရွယ် ဂြိုလ်အပိုင်းအစတစ်ခု လာမယ့်ရက်ပိုင်းအတွင်း ကမ္ဘာနဲ့ တိုက်မိဖွယ် ရှိနိုင် မရှိနိုင် ကောလာဟလ

40104059_2090014167729211_3394668462004502528_n.jpg

ပိရမစ် အကြီးစားတစ်ခု အရွယ်ရှိတဲ့ ဂြိုလ်သိမ်ဂြိုလ်မွှား အပိုင်းအစတစ်ခုဟာ လာမယ့်ရက်ပိုင်းအတွင်းမှာ ကမ္ဘာနဲ့ အတော်အတန် ဝေးတဲ့လမ်းကြောင်းက ဖြတ်သန်းသွားမှာဖြစ်လို့ ကမ္ဘာနဲ့ တိုက်မိနိုင်ဖွယ် ရှိ မရှိနဲ့ ပတ်သက်ပြီး နာဆာက အထူးသတင်းတစ်ခု ထုတ်ပြန်လိုက်ပါတယ်။

ကြီးမားတဲ့ ဒီဥက္ကာခဲဟာ ကမ္ဘာနဲ့ အတော်လေးနီးကပ်နေပြီ ဖြစ်တာကြောင့် ဩဂုတ်လ ၂၉ ရက် ဗုဒ္ဓဟူးနေ့လောက်မှာ ကမ္ဘာနဲ့ တိုက်မိသွားဖွယ် ရှိလေမလားဆိုတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်လာတာကိုလည်း တွေ့ရပါတယ်။ အမေရိကန် အာကာသအေဂျင်စီ နာဆာက ဒီဖြစ်ရပ်ဟာ ယခုလ ၂၉ ရက် ဗြိတိန်စံတော်ချိန် မနက် ၁ နာရီလောက်အချိန်မှာ ကမ္ဘာရဲ့အနီး မိုင်ပေါင်း ၃ သန်းအကွာကနေ ဖြတ်သန်းသွားဖို့ရှိနေပြီး ကမ္ဘာမြေပေါ်ကို ကျရောက်မယ်သာဆို ကြောက်စရာကောင်းလောက်တဲ့ အရှိန်ဖြစ်တဲ့ တစ်နာရီကို မိုင် ၂၀၀၀၀ (သို့) တစ်စက္ကန့်ကို ၉ ကီလိုမီတာ နှုန်းနဲ့ ကျရောက်နိုင်လိမ့်မယ်လို့ ခန့်မှန်းထားတာပါ။

ဒီဥက္ကာခဲဟာ အရွယ်အစား ၇၀ မီတာ နဲ့ ၁၆၀ မီတာကြား (သို့) ၂၃၀ ပေ နဲ့ ၅၂၄ ပေကြားလောက် ရှိနိုင်ပြီး ဒါဟာ ကြီးမားတဲ့ ဂီဇာ ပိရမစ်ကြီး တစ်ခုစာ အရွယ်အစား ပမာဏလောက်ရှိတာ ဖြစ်တယ်လို့ နာဆာက ထုတ်ပြန်ထားပါတယ်။

Ref: Space.com “Asteroid 2016 nf23 no threat to earth”

Cj (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top