အရမ်းချမ်းသာကြွယ်ဝတဲ့ကုမ္ပဏီသူဌေးနဲ့ ချိန်းတွေ့နေတယ်လို့ သတင်းထွက်ရှိလာတဲ့ မင်းသမီးချော ပတ်မင်ယောင်

28.9-2022-yyl-image-01.jpg

အရမ်းချမ်းသာကြွယ်ဝတဲ့ကုမ္ပဏီသူဌေးနဲ့ ချိန်းတွေ့နေတယ်လို့ သတင်းထွက်ရှိလာတဲ့ မင်းသမီးချော ပတ်မင်ယောင်

ကိုရီးယားမင်းသမီးချောပတ်မင်ယောင်ဟာ ချမ်းသာကြွယ်ဝတဲ့ ကုမ္ပဏီသူဌေးနဲ့ ချိန်းတွေ့နေတယ်ဆိုတဲ့ ကောလဟာလသတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ပတ်မင်ယောင်နဲ့ ချိန်းတွေ့တဲ့သူက အရမ်းချမ်းသာကြွယ်ဝတဲ့အမျိုးသား “မစ္စတာကန်”လို့ပဲ တချို့မီဒီယာတွေက ဖော်ပြထားပါတယ်။

သတင်းမီဒီယာတွေမှာ ဖော်ပြထားတာကတော့ လက်ရှိမှာ ပတ်မင်ယောင်က အလွန်ချမ်းသာကြွယ်ဝတဲ့ မစ္စတာကန်နဲ့ ချိန်းတွေ့နေပါတယ်။ မစ္စတာကန်က တောင်ကိုရီးယားနိုင်ငံရဲ့ဒုတိယအကြီးဆုံးဒီဂျစ်တယ်ငွေကြေးလဲလှယ်တဲ့ကုမ္ပဏီ Bittumb ရဲ့ပိုင်ရှင် (သိုသိုသိပ်သိပ်နေတတ်တဲ့သူ) ဖြစ်တယ်လို့ ဆိုပါတယ်။ ပတ်မင်ယောင်က မစ္စတာကန်ရဲ့နေအိမ်မှာ ချိန်းတွေ့နေတာကို မြင်တွေ့ခဲ့ရတယ်။ အဲဒါအပြင် Hannam The Hill ကွန်ဒိုမီနီယံအိမ်ရာက မစ္စတာကန်ရဲ့ဗီလာကနေ အလုပ်သွားတာကိုလည်း မကြာခဏမြင်တွေ့ခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

Dispatch က ထုတ်ပြတဲ့ပုံ

ဒီသတင်းကို စပြီးဖော်ထုတ်ခဲ့တာက Dispatch သတင်းဌာနကြီးကပါ။ Dispatch သတင်းဌာနကတော့ ပတ်မင်ယောင်ဟာ Bithumb ရဲ့စီအီးအို ကန်ဂျုံဟွန်နဲ့တွဲနေတယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ (၂) လကတည်းက ကန်ဂျုံဟွန်ကို နောက်ယောင်ခံလိုက်နေခဲ့တယ်လို့ ပြောပါတယ်။ သူတို့တွဲနေခဲ့တာ ဘယ်လောက်ကြာပြီးဆိုတာကိုတော့ Dispatch က သေသေချာချာမဖော်ပြခဲ့ပါဘူး။

စက်တင်ဘာ ၂၈ ရက်နေ့မှာ ပတ်မင်ယောင်ရဲ့အေဂျင်စီ Hook Entertainment က ဒီသတင်းနဲ့ပတ်သက်ပြီး ဖြေကြားခဲ့ပါတယ်။ “ကျွန်တော်တို့ အချက်အလက်တွေကို အတည်ပြုဖို့ လုပ်ဆောင်နေပါတယ်။ လက်ရှိမှာ ပတ်မင်ယောင်က tvN ရဲ့ “Love In Contract” ဒရာမာအတွက် ရိုက်ကူးနေပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ရဲ့အချက်အလက်အတည်ပြုချက်က နှောင့်နှေးနေပါတယ်။ တရားဝင်ထုတ်ပြန်ချက်ကို အမြန်ထုတ်ပြန်နိုင်ခြင်းမရှိတဲ့အတွက် နားလည်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်”

Dispatch က ထုတ်ပြတဲ့ပုံ

မင်းသမီးချော ပတ်မင်ယောင်က နာမည်ကြီးမင်းသမီးတစ်ယောက်ဖြစ်ပြီး City Hunter၊ What’s Wrong with Secretary Kim လို ပရိသတ်တွေကြား ရေပန်းစားခဲ့တဲ့ ဇာတ်လမ်းတွဲတွေနဲ့ လူသိများပါတယ်။ လက်ရှိ သူ ပါဝင်သရုပ်ဆောင်နေတဲ့ “Love In Contract” ဇာတ်လမ်းတွဲသစ်ကလည်း စက်တင်ဘာ ၂၁ ရက်နေ့ကစတင်ပြီး ထုတ်လွှင့်ပြသနေပါပြီ။

Ref: Allkpop & Koreaboo “Park Min Young gets swept up in dating rumors with a ‘Mr. Kang’ who is described as “a very wealthy man”

WL(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top