၈ ရက်ကြာ ပျောက်ဆုံးနေတဲ့ ကောင်လေးကို ရေဆိုးစွန့်ပိုက်ထဲကနေ အသက်ရှင်လျက် ပြန်တွေ့

30-6-2022-yyl13.jpg

၈ နှစ်အရွယ် ကလေးငယ် ဂျိုး

ဂျာမနီနိုင်ငံမှာ ၈ ရက်ကြာ ပျောက်ဆုံးနေတဲ့ ၈ နှစ်အရွယ် ကလေးငယ်ကို ရေဆိုးစွန့်ပိုက်လိုင်းထဲကနေ အသက်ရှင်လျက် ပြန်လည်တွေ့ရှိခဲ့ပါတယ်။ ဂျာမနီနိုင်ငံ အနောက်မြောက်ပိုင်း အိုဒင်ဘာ့ဂ်မြို့မှာ နေထိုင်တဲ့ ဂျိုးဟာ ဇွန်လ ၁၇ ရက်က သူ့ရဲ့နေအိမ်အရှေ့ခြံဝင်းထဲကနေ ပျောက်ဆုံးသွားခဲ့တာပါ။ သူ့ကို ရက်ပေါင်းများစွာ လိုက်ရှာခဲ့ပေမဲ့ မတွေ့ခဲ့ပါဘူး။

ဂျိုးကို တွေ့ရှိခဲ့တဲ့ ရေဆိုးစွန့်ပိုက်လိုင်း

အဲဒီနောက်မှာတော့ လမ်းသွားလမ်းလာတစ်ယောက်က လမ်းမအောက်ထဲကနေ အသံကြားရတယ်လို့ အကြောင်းကြားခဲ့လို့ ရဲတပ်ဖွဲ့က ရှာဖွေခဲ့ရာမှာ ရေဆိုးစွန့်ပိုက်လိုင်းထဲကနေ တွေ့ရှိခဲ့တာပါ။သူဟာ ဝတ်လစ်စလစ် ဖြစ်နေပြီး အပူချိန်အလွန်အမင်း ကျဆင်းမှုကြောင့် ဆေးရုံမှာ ကုသမှု ခံယူနေရပါတယ်။ ဒါပေမဲ့ ထိခိုက်ဒဏ်ရာ ကြီးကြီးမားမား ရခဲ့ခြင်းမရှိပါဘူး။

ဂျိုးကို တွေ့ရှိခဲ့တဲ့ ရေဆိုးစွန့်ပိုက်လိုင်း

ရေဆိုးစွန့်ပိုက်လိုင်းထဲကို ဂျိုး ရောက်သွားရတဲ့ အကြောင်းရင်းကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပါတယ်။ ဒါပေမဲ့ တခြားသူတစ်ယောက်ယောက်ရဲ့ ပယောဂကြောင့် မဟုတ်ဘဲ သူ့ဘာသာသူ မြောင်းထဲဝင်သွားရင်း ပြန်မထွက်တတ်တော့တာဖြစ်မယ်လို့ ရဲအရာရှိတွေက ယူဆထားပါတယ်။ ဂျိုးဟာ ဆေးရုံမှာ ကုသမှုခံယူနေဆဲဖြစ်ပြီး သူ့ရဲ့ဖြစ်ရပ်ကို ထုတ်ပြောခြင်း မရှိသေးပါဘူး။

Ref: Boy Missing For Eight Days In Germany Found Alive In Sewer

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top