နေအိမ် ၁.၅ သန်းကို စွမ်းအင်ပေးမယ့် ဂိုဘီသဲကန္တာရထဲမှ ဆိုလာစက်ရုံ

12.5.2023-yyl-6.jpg

ဂိုဘီသဲကန္တာရထဲမှာ တည်ဆောက်ထားတဲ့ ဧရာမဆိုလာ စက်ရုံကြီးကနေ တစ်နှစ်ကို ၁.၈ ဘီလျံ ကီလိုဝပ်အထိ စွမ်းအင်ထုတ်လုပ်ပေးနိုင်စွမ်းရှိပြီး နေအိမ်ပေါင်း ၁.၅ သန်းကို စွမ်းအင်ပေးနိုင်တော့မှာ ဖြစ်ပါတယ်။ နင်ရှားဟွေ ဆိုလာစက်ရုံဟာ ဂိုဘီ၊ တန်ဂါ၊ တာကလာမာကန်သဲကန္တာရတွေလို အနောက်ပိုင်းဒေသတွေမှာ တည်ဆောက်မယ့် ဧရာမ ပြည့်ဖြိုးမြဲစွမ်းအင်စက်ရုံကြီးတွေထဲက ပထမဆုံးတစ်ခုပါ။

တရုတ်အစိုးရဟာ ၂၀၂၆ ခုနှစ်ကျရင် သဲကန္တာရထဲမှာ ဆိုလာစွမ်းအင်၊ လေစွမ်းအင်တွေကနေ ၁၀၀ ဂစ်ဂါဝပ်အထိ ထုတ်လုပ်နိုင်စွမ်းရှိတဲ့ ပြည့်ဖြိုးမြဲစွမ်းအင်စက်ရုံတွေ တည်ဆောက်သွားဖို့ ၅ နှစ်စီမံကိန်း ချမှတ်လုပ်ဆောင်နေတာပါ။

တရုတ်နိုင်ငံဟာ ပြီးခဲ့တဲ့နှစ် ပထမ ၃ လပတ်နဲ့ နှိုင်းယှဉ်ရင် ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်နိုင်မှု ၈၆.၅ ရာခိုင်နှုန်းအထိ မြင့်တက်လာပြီး ကီလိုဝပ် ၄၇.၄ သန်းအထိ ထုတ်လုပ်နိုင်ခဲ့တယ်လို့ အမျိုးသားစွမ်းအင်စီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့က ဆိုပါတယ်။

Ref: Solar Farms Erected in Gobi Desert are Set to Power 1.5 Million Chinese Households

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top