အိမ်စာမလုပ်လို့ မိခင်ဆူပူခဲ့ပြီးနောက်မှာ သူ့ကို မိဘမဲ့ဂေဟာ ပို့ပေးဖို့ ၁၀ နှစ်သား ကလေးက ရဲစခန်းမှာ အကူအညီသွားတောင်း

16.8.23-yyl-2.jpg

အိမ်စာ မလုပ်လို့ မိခင်ဖြစ်သူရဲ့ ဆူပူကြိမ်းမောင်းခံရပြီးနောက်မှာ ၁၀ နှစ်အရွယ် တရုတ်ကလေးငယ်က အိမ်က ထွက်ပြေးသွားပြီး သူ့ကို မိဘမဲ့ဂေဟာ ပို့ပေးဖို့ ရဲစခန်းမှာ အကူအညီသွားတောင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က တရုတ်လူမှုကွန်ရက်မှာ ဒီသတင်း ပျံ့နှံ့သွားခဲ့ပြီး ရဲစခန်းမှာ ကလေးငယ်ကို ရဲအရာရှိနှစ်ယောက်က ဖျောင်းဖျနေတဲ့ ရုပ်သံမှတ်တမ်းလည်း ပျံ့နှံ့သွားခဲ့ပါတယ်။

” အမေက ကျွန်တော့်ကို အိမ်စာမလုပ်လို့ဆိုပြီး နေ့တိုင်းဆူတယ်။ အဲဒါကြောင့် အိမ်က ထွက်ပြေးလာတာ။ နေ့တိုင်း စာပဲ လုပ်ခိုင်းနေတယ်။ အိမ်မှာ နေမယ့်အစား မိဘမဲ့ဂေဟာမှာပဲ သွားနေတော့မယ်” လို့ ၁၀ နှစ်သားကလေးက ရဲအရာရှိတွေကို ပြောခဲ့တာပါ။

တရုတ်နိုင်ငံ ချုံကင်းမြို့မှာ နေထိုင်တဲ့ ကလေးငယ်က ဟွေရှင်းရဲစခန်းကို အကူအညီ သွားတောင်းခဲ့တာပါ။ ရဲအရာရှိတွေက ကလေးငယ်ကို ချော့မော့ဖျောင်းဖျပြီး သူ့မိဘတွေရဲ့ နေရပ်လိပ်စာ၊ ဖုန်းနံပါတ် တောင်းခဲ့ပါတယ်။ မိခင်ဖြစ်သူထံ ဖုန်းဆက်ချိန်မှာ အိမ်စာ မလုပ်လို့ ဆူမိတဲ့အကြောင်း ဝန်ခံခဲ့ပေမဲ့ သားဖြစ်သူ အိမ်က ထွက်ပြေးသွားမယ်လို့ မထင်ခဲ့ကြောင်း မိခင်က ဆိုပါတယ်။

အဲဒီနောက်မှာတော့ ရဲအရာရှိတွေက ကလေးငယ်ကို လာခေါ်ဖို့ ဖခင်ထံ ဖုန်းဆက်ခဲ့ပါတယ်။ ဒါပေမဲ့ ကလေးငယ်က အိမ်မပြန်ချင်ဘူး လုပ်နေလို့ ရဲအရာရှိတွေက ထပ်မံဖျောင်းဖျပေးခဲ့ရပါတယ်။

Ref: Boy Scolded for Not Doing Homework Goes to Police Station and Begs to be Put in Orphanage

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply