အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုတော်တယ်လို့ အိုဘားမား ပြော

yyl-008-12.jpg

ကမ္ဘာ့နိုင်ငံအားလုံးကို အမျိုးသမီးတွေ ဦးဆောင်ရင် ရလဒ်ပိုင်းနဲ့ လူနေမှုအဆင့်အတန်း တိုးတက်လာလိမ့်မယ်လို့ အမေရိကန်သမ္မတဟောင်း အိုဘားမားက ပြောပါတယ်။ စင်ကာပူနိုင်ငံမှာ ကျင်းပခဲ့တဲ့ ခေါင်းဆောင်မှုပညာရပ်ဆိုင်ရာ အခမ်းအနားမှာ အိုဘားမားက အခုလို ပြောခဲ့တာပါ။

”အမျိုးသမီးတွေကို သိထားစေချင်တာကတော့ ခင်ဗျားတို့က မပြည့်စုံကြပေမဲ့ ယောကျာ်းတွေထက် ပိုတော်တယ်ဆိုတာပါပဲ။ ကမ္ဘာ့နိုင်ငံတိုင်းကို အမျိုးသမီးတွေသာ (၂)နှစ်လောက် ဦးဆောင်လိုက်ရင် လူနေမှုအဆင့်အတန်းနဲ့ ရလဒ်ပိုင်းအပါအဝင် ဘက်ပေါင်းစုံမှာ သိသိသာသာ တိုးတက်လာမှာပါ”လို့ အိုဘားမားက ပြောပါတယ်။ အိုဘားမားဟာ ၂၀၀၉ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ အမေရိကန်သမ္မတအဖြစ် သက်တမ်းနှစ်ကြိမ်ဆက်တိုက် တာဝန်ထမ်းဆောင်ခဲ့သူပါ။ ဘယ်အချိန်မှာ နိုင်ငံရေးလောကထဲ ပြန်ဝင်လာမလဲလို့ မေးမြန်းရာမှာ အိုဘားမားက ”ကမ္ဘာပေါ်မှာ ကြုံနေရတဲ့ ပြဿနာအများစုက အသက်အိုမင်းနေပြီး အာဏာဆုပ်ကိုင်ထားသူတွေကြောင့်ပါ။ အထူးသဖြင့် ယောကျ်ားတွေပေါ့။ ခေါင်းဆောင်တွေက နေရာဖယ်ပေးသင့်တဲ့အချိန်ကို သိဖို့ အရေးကြီးတယ်”လို့ အိုဘားမားက ပြောခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top