စင်္ကာပူကို ရောက်ရင် သင်အတုယူနိုင်မယ့် အချက်တွေ

singapore-marina-bay-PB2FPXW.jpg

တန်းစီခြင်း

တန်းစီတယ်လို့ ကြားလိုက်ရင် လွယ်လွယ်ကူကူလို့ ထင်ရပေမယ့် တကယ့်လက်တွေ့ လုပ်ကြည့်ရင်တော့ အခက်တွေ့နိုင်ပါတယ်။ သူတို့နိုင်ငံမှာတော့ ဘာပဲ လုပ်လုပ် ဘယ်လောက် အရေးကြီးကြီး တန်းစီရတယ်။ တစ်ယောက်ပြီမှ တစ်ယောက်၊ ကျော်တက်လို့ မရဘူး အားလုံး စနစ်ကျနေတာကို အတုယူနိုင်ပါလိမ့်မယ်။

စည်းကမ်းလိုက်နာတဲ့ စနစ်

နေရာတိုင်းလိုလိုမှာ အစိုးရက သတ်မှတ်ထားတဲ့ စည်းကမ်းများကို လိုက်နာတဲ့ စနစ်လေးက သင်အတုယူနိုင်ပါလိမ့်မယ်။ အဲဒီလို စည်ကမ်းလေးတွေကို အများပြည်သူက စနစ်ကျကျ လိုက်နာတော့ အားလုံးဟာ သန့်ရှင်း သပ်ရပ်နေတာကို မြင်တွေ့ရပါလိမ့်မယ်။

အများပြည်သူ အပန်းဖြေနေရာများ သန့်ရှင်းနေတယ်

နေရာတိုင်းမှာ အများပြည်သူ အပန်းဖြေနေရာတွေဆိုတာ ရှိပါတယ်။ အဲလိုနေရာတွေ သန့်ရှင်းနေမှာသာ အပန်းဖြေရတာ ကောင်းမွန်ပါလိမ့်မယ်။ ဒါကြောင့် အများပြည်သူ အပန်းဖြေနေရာတွေ စင်္ကာပူမှာတော့ သန့်ရှင်းလို့ နေပါတယ်။

သစ်ပင်လေးတွေကို ဂရုစိုက်တယ်

သစ်ပင်တွေဆိုတာ လူသားတွေ အတွက် အရေးကြီးပါတယ်။ သင်အနေနဲ့ စင်္ကာပူရောက်သူတို့ သစ်ပင်လေးတွေ ဘယ်လို ဂရုစိုက်တယ် ဆိုတာကို လေ့လာနိုင်ပါတယ်။

အခြားသော အတူယူစရာများ

စာရေးသူမြင်ခဲ့သမျှတွေကို ပြောနေရခြင်းသာ ဖြစ်လို့ မိမိကိုယ်တိုင် သွားတဲ့ အခါမှာ အတုယူစရာတွေ ထပ်ပြီးတွေ့နိုင်ပါတယ်။ သူတို့ရဲ့ ကောင်းသော အရာတွေကို အတုယူပြီး မိမိပတ်ဝန်းကျင် အတွက် အကျိုးရှိအောင် အသုံးချနိုင်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top