ဖင်လန်နိုင်ငံရဲ့အနုပညာပြတိုက်မှာ ပန်းပုဆရာအဖြစ် ပွဲထွက်ခဲ့တဲ့ ဘရက်ပစ်

9-19-2022-yyl-59.jpg

ဖင်လန်နိုင်ငံရဲ့အနုပညာပြတိုက်မှာ ပန်းပုဆရာအဖြစ် ပွဲထွက်ခဲ့တဲ့ ဘရက်ပစ်

အသက် ၅၈ နှစ်အရွယ် မင်းသားကြီး ဘရက်ပစ်ဟာ ဗြိတိန်လူမျိုးအနုပညာရှင် သောမတ် ဟောက်ဂိုနဲ့ ဩစတြေးလျဂီတပညာရှင် နစ်ခ် ကေးဗ်တို့ရဲ့ ကြီးမားတဲ့အနုပညာပြပွဲတစ်စိတ်တစ်ပိုင်းအနေနဲ့ သူ့ရဲ့ပန်းပုလက်ရာ (၉) ခုကို ဖင်လင်နိုင်ငံရဲ့the Sara Hilden Art Museum မှာ ထုတ်ဖော်ပြသခဲ့ပြီး ပန်းပုဆရာတစ်ဦးအဖြစ် ပွဲထွက်ခဲ့ပါတယ်။ ဖွင့်ပွဲအခမ်းအနားမှာ “နစ်နဲ့ကျွန်တော့်အတွက် ဒါက ကမ္ဘာသစ်ဖြစ်ပြီး ပန်းပုအနုပညာနယ်ပယ်ထဲပထမဆုံးဝင်ရောက်မှုပါပဲ”လို့ ဘရက်ပစ်က ပြောပါတယ်။

ဖင်လန်နိုင်ငံရဲ့အနုပညာပြတိုက်မှာ ပန်းပုဆရာအဖြစ် ပွဲထွက်ခဲ့တဲ့ ဘရက်ပစ်

စနေနေ့က ပြသခဲ့တဲ့ ဘရက်ပစ်ရဲ့ပန်းပုတွေမှာ “Self-Inflicted Gunshot Wound to the House” ခေါင်းစဉ်နဲ့ ပန်းပုလက်ရာတွေမှာပါတယ်။ အဲဒီအထဲမှာ ပလက်တီနမ်ဆီလီကွန်ထဲ ကျည်ဆန်တွေ ထည့်သွင်းတဲ့ အိမ်ပုံစံပန်းပုလက်ရာလည်းပါဝင်ပါတယ်။ အကြီးဆုံးပန်းပုလက်ရာတွေကတော့ ထောင့်အမျိုးမျိုးကနေ ဖောက်ထွက်နေတဲ့ ခြေထောက်၊ လက်တွေ၊ မျက်နှာတွေနဲ့ ခေါင်းတလားအရွယ်ကြေးသေတ္တာပုံစံလက်ရာနဲ့ Aiming At You I Saw Me But It Was Too Late This Time လို့ခေါ်တဲ့ အင်္ဂတေနံရံပန်းပုလက်ရာတွေပါပဲ။

ဘရက်ပစ်ရဲ့ပန်းပုလက်ရာ
ဘရက်ပစ်ရဲ့ပန်းပုလက်ရာ

ပန်းပုလက်ရာအသေးတွေထဲက တစ်ခုကတော့ သစ်သားတုံးတွေ၊ သစ်ပင်အခေါက်တွေနဲ့ပြုလုပ်ထားပုံရတဲ့ အိမ်ငယ်လေးတစ်ခုပါ။ ကိုဗစ်ကာလမှာ လုပ်ခဲ့တဲ့ Candle Holders for Loved Ones လို့အမည်ရတဲ့ သစ်သားပန်းပုလက်ရာတွေလည်းပါဝင်ပါတယ်။ သူ့ရဲ့ပန်းပုလက်ရာတွေက ဘယ်လောက်လဲဆိုတာရယ်၊ ဘယ်လက်ရာတွေ ရောင်းထွက်သွားပြီလဲဆိုတာကိုတော့ ထုတ်ပြောမပြခဲ့ပါဘူး။

ဘရက်ပစ်ရဲ့ပန်းပုလက်ရာ

ဖင်လန်နိုင်ငံကို ဘရက်ပစ် လာရောက်မှုက လုံးဝတအံ့တဩဖြစ်စေခဲ့ပါတယ်။ အရင်က အနုပညာပြပွဲမှာ သူ ပါဝင်မယ်ဆိုတာ မကြေညာထားတဲ့အတွက်ကြောင့်ပါ။ ဘရက်ပစ်က သူ့ရဲ့ပန်းပုလက်ရာတွေကို အခုလိုထုတ်ဖော်ပြသတာက ပထမဆုံးအကြိမ်ပါပဲ။

ဘရက်ပစ်ရဲ့ပန်းပုလက်ရာ

Ref: Dailymail & Independent “Brad Pitt debuts sculptures in first art show at museum in Finland alongside works from singer Nick Cave and artist Thomas Houseago”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top