တပည့်တစ်ယောက်ရဲ့ကလေးကို ချော့သိပ်ရင်း စာသင်ခဲ့တဲ့ လက်ထောက်ပါမောက္ခ

9-19-2022-yyl-57.jpg

တပည့်တစ်ယောက်ရဲ့ကလေးကို ချော့သိပ်ရင်း စာသင်ခဲ့တဲ့ လက်ထောက်ပါမောက္ခ

လက်ထောက်ပါမောက္ခတစ်ယောက်က ကလေးထိန်းရင်း စာသင်ကြားတတ်တယ်ဆိုတာကို သက်သေပြခဲ့ပါတယ်။ သူက Lander University မှာ စာသင်ကြားပေးနေတဲ့ လက်ထောက်ပါမောက္ခဒေါက်တာဆင်မြူရယ် ရိဒ် ပါ။ မကြာသေးခင်က ဆရာဆင်မြူရယ်ရဲ့ကျောင်းသူတွေထဲက တစ်ယောက်ဟာ သူ့ရဲ့ (၂) လသားအရွယ်လေးကို အတန်းထဲခေါ်လာခဲ့တာကြောင့် ငိုနေတဲ့ ကလေးကို သူက ထိန်းပေးခဲ့ရပါတယ်။

ပီတာရာ ရစ်ဘာဂျ်ဆိုတဲ့ ဆရာဆင်မြူရယ်ရဲ့တပည့်မလေးက ကောလိပ်သွားခါနီး သူ့ကလေးကို ထိန်းပေးမယ့်သူရှာဖို့ အခက်အခဲဖြစ်သွားခဲ့တာကြောင့် ကျောင်းပျက်ပြီး သမီးလေး အာရီရာကို ထိန်းရမလား (ဒါမှမဟုတ်) ကလေးနဲ့အတူ ကောလိပ်သွားရမလား။ အဲဒီထဲက (၁) ခုကို ရွေးချယ်ဖို့ ဖြစ်လာခဲ့ပါတယ်။ အဲဒါကြောင့် ပီတာရာက ကလေးကို သူနဲ့အတူ ကျောင်းခေါ်သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

တပည့်တစ်ယောက်ရဲ့ကလေးကို ချော့သိပ်ရင်း စာသင်ခဲ့တဲ့ လက်ထောက်ပါမောက္ခ

၂၀၂၃ ခုနှစ် မေလမှာ ဘွဲ့ရတော့မယ့် ပီတာရာက ကလေးကို ဆရာဆင်မြူရယ်ရဲ့သင်္ချာအတန်းထဲ ခေါ်လာဖို့ လုပ်တဲ့အချိန်မှာ ဆရာက အတန်းထဲ သူ့ကလေးရှိနေတာကို သိရင် ဘယ်လိုတုံ့ပြန်မလဲဆိုပြီး စိုးရိမ်စိတ်တော့ဖြစ်မိခဲ့ပါတယ်။ ဆရာကိုလည်း အသိပေးဖို့ အချိန်လည်း မရှိခဲ့ဘူး။ကလေးကို အတန်းထဲ ခေါ်လာတော့ သူ့ရဲ့အတန်းဖော်တွေဆီက ပျော်ရွှင်နေတဲ့အသံတွေ ကြားခဲ့ရပါတယ်။ ဆရာ ဆင်မြူရယ်ကလည်း ပီတာရာ စာတွေလိုက်မှတ်လို့ရအောင် သူ့ကလေးလေးကို ချော့သိပ်ရင်း စာသင်ကြားပေးခဲ့ပါတယ်။ ကလေးလေးက ဆရာ ပွေ့ချီကာ ချော့သိပ်နေခဲ့တဲ့အချိန်မှာ အငိုတိတ်သွားခဲ့ပြီး ငြိမ်နေခဲ့ပါတယ်။

အာရီရာက သူ့အတန်းကို လာခဲ့တဲ့ ပထမဆုံးကလေးဖြစ်တယ်။ အတန်းထဲ ကလေးလေး လာတော့ အံ့အားသင့်ပြီး စိတ်လှုပ်ရှားခဲ့ရတယ်လို့ ဆရာဆင်မြူရယ်က ပြောပါတယ်။ ဆရာက ပီတာရာဘေးမှာ ကလေးရှိနေရင်း စာကောင်းကောင်းမသင်နိုင်မှာဆိုးတာကြောင့်ရယ် ကလေးငိုနေတာကို လျစ်လျူရှုမထားနိုင်ကြောင့်ရယ် ကလေးကို ပွေ့ချီပြီး စာဆက်သင်ခဲ့တယ်လို့ ဆိုပါတယ်။ ဆရာဆင်မြူရယ်ကိုယ်တိုင်ကလည်း (၂) နှစ်အရွယ်ကလေးရဲ့ဖခင်တစ်ယောက်ပါပဲ။

Ref: Upworthy “Professor teaches math class while comforting student’s crying baby after she couldn’t find childcare”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top