ကပ်ရောဂါကာလကို ရင်ဆိုင်ဖြတ်သန်းရတဲ့ လူငယ်တွေရဲ့ ဦးနှောက် အချိန်မတန်ခင် ရင့်ရော်စေတယ်လို့ တွေ့ရှိ

4-1-2023-yyl-40.jpg

ကပ်ရောဂါကာလကို ရင်ဆိုင်ဖြတ်သန်းရတဲ့ ဆယ်ကျော်သက်တွေရဲ့ ဦးနှောက်ဟာ အချိန်မတန်ခင် ရင့်ရော်စေတယ်လို့ သုတေသနတစ်ရပ်မှာ ဖော်ပြခဲ့ပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကာလမှာ အရင်ကလို ပေါင်းသင်းဆက်ဆံမှု မလုပ်နိုင်တာနဲ့ အွန်လိုင်းစာသင်ခန်းတွေကအစ အသက်ဆုံးရှုံးမှုတွေနဲ့ စီးပွားရေးအခက်တွေ့မှုတွေအဆုံး လူငယ်တွေအတွက် ခက်ခဲကြမ်းတမ်းခဲ့ပါတယ်။

ဆယ်ကျော်သက်တွေအတွက်တော့ ဦးနှောက်ဖွံ့ဖြိုးမှု အရေးပါချိန်မှာ ကပ်ရောဂါနဲ့ ဆင့်ပွားရိုက်ခတ်မှုတွေကို ရင်ဆိုင်ရတာပါ။ ကိုဗစ်-၁၉ ကပ်ရောဂါ စတင်တဲ့ ၂၀၂၀ မတိုင်ခင်နဲ့ ၂၀၂၀ နောက်ပိုင်း လူငယ်တွေရဲ့ ဦးနှောက်ကို Scan ဖတ်ပြီး နှိုင်းယှဉ်တဲ့ သုတေသန ပြုလုပ်ချက်အရ ကပ်ရောဂါကာလကို ရင်ဆိုင်ဖြတ်သန်းရတဲ့ လူငယ်တွေရဲ့ ဦးနှောက်ဟာ ပုံမှန်ထက် ၃ နှစ်လောက် ကြီးရင့်သွားတယ်လို့ တွေ့ရှိခဲ့တာပါ။

စတန်းဖို့ဒ်တက္ကသိုလ်ရဲ့ အာရုံကြောသိပ္ပံပညာရှင် အီယန်ဂေါ့လစ်နဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာ မြီးကောင်ပေါက်လူငယ်တွေရဲ့ စိတ်ကျဝေဒနာအကြောင်း လေ့လာဖို့ လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်ကတည်းက ဒီသုတေသန စီမံကိန်းကို စတင်ခဲ့တာ ဖြစ်ပါတယ်။

Ref: Brain scans suggest the pandemic prematurely aged teens’ brains

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top