ဒုံးပျံပုံနဲ့အတူ အီလွန်မက်စ်ရဲ့နာမည်ကို သူ့ရဲ့နဖူးမှာ တက်တူးထိုးခဲ့သူ

28-11-2022-yyl07.jpg

ဘရားဇီးနိုင်ငံက အမျိုးသားတစ်ယောက်ဟာ တွစ်တာ၊ Tesla နဲ့ Space X ကုမ္ပဏီတွေရဲ့စီအီးအိုဖြစ်တဲ့ အီလွန်မက်စ်ကို အထင်ကြီးလေးစားနေပုံရပါတယ်။ ရိုဒရီဂို အမေရိက ဆိုတဲ့အဲဒီအမျိုးသားက ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မက်စ်ရဲ့နာမည်ကို ဒုံးပျံပုံနဲ့အတူ သူ့ရဲ့နဖူးပေါ်မှာ တက်တူးထိုးခဲ့လို့ပါပဲ။

ရိုဒရီဂိုက အီလွန်မက်စ်ကို သူ့ရဲ့စံပြပုဂ္ဂိုလ်တွေထဲက တစ်ယောက်အဖြစ် မှတ်ယူထားပြီး Space Xရဲ့ ၂၀၂၄ အင်္ဂါဂြိုလ်ခရီးစဉ်မှာ ပါဝင်ခွင့်ရဖို့ မျှော်လင့်ထားတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ အီလွန်မက်စ်က သူ့ကို အရမ်းစိတ်ဓာတ်ခွန်အားဖြစ်စေပြီး သူ လုပ်နေတဲ့အရာ၊ သူ လုပ်တော့မယ့်အရာ၊ လူသားတွေကို အင်္ဂါဂြိုလ်ခေါ်သွားတာ၊ သူ့ရဲ့နာမည်တွေက သမိုင်းတွင်ကျန်ရစ်မယ်လို့ ရိုဒရီဂိုက ဒေသတွင်းသတင်းချန်နယ်တွေကို ပြောခဲ့တာပါ။

သူက အင်္ဂါဂြိုလ်ပရောဂျက်အတွက် ဖိတ်ကြားခံရခွင့်ရမယ့်မျှော်လင့်ချက်ကြောင့်ပဲ အခုလို တက်တူးထိုးဖြစ်ခဲ့ပါတယ်။ နဖူးမှာ အီလွန်မက်စ်ရဲ့နာမည်နဲ့ ဒုံးပျံပုံ တက်တူးထိုးနေတဲ့ဗီဒီယိုကို ပြီးခဲ့တဲ့လ ၂၉ ရက်နေ့က သူ တင်ခဲ့ပါသေးတယ်။ တက်တူးထိုးပြီးသွားတဲ့နောက်မှာလည်း ဓာတ်ပုံတွေတင်ခဲ့ပါတယ်။ အဲဒီကတည်းက အီလွန်မက်စ်အပေါ်ထားတဲ့ သူ့ရဲ့ချစ်ခင်လေးစားမှုကို ပြတဲ့အနေနဲ့ ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေများစွာတင်နေခဲ့ပါတယ်။

Ref: Brazilian Influencer Gets Elon Musk’s Name Tattooed On His Forehead, Also Wants To Go To Mars

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top