ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမေရိကန်လူမျိုးသေဆုံးသူအရေအတွက်က ဗီယက်နမ်စစ်ပွဲအတွင်း သေဆုံးသူအရေအတွက်ထက် ပိုများနေ

28-4-2020-yyl-035.jpg

အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကြောင့် သေဆုံးသူအရေအတွက်က မြင့်တက်လို့နေပါတယ်။ ကျန်းမာရေးအာဏာပိုင်တွေက US မှာ သေဆုံးသူ (၅၈,၉၅၅) ရှိနေပြီး အဲဒီအရေအတွက်က ဗီယက်နမ်စစ်ပွဲမှာ သေဆုံးခဲ့တဲ့ အရေအတွက်ထက် ပိုများတယ်လို့ ကြေညာခဲ့ပါတယ်။ ဗီယက်နမ်စစ်ပွဲကာလ ဆယ်စုနှစ် (၂) စုနီးပါးနဲ့ ယှဉ်ရင် ဒီအရေအတွက်ရောက်ဖို့ (၂) လသာအချိန်ယူခဲ့ရတယ်လို့ ထောက်ပြထားပါတယ်။ ဖေဖော်ဝါရီ ၂၉ ရက်နေ့က အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့တဲ့ ပထမဆုံးတစ်ဦးထွက်ပေါ်လာခဲ့ပါတယ်။

၁၉၅၅ခုနှစ်ကနေ ၁၉၇၅ ခုနှစ်ကြာမြင့်ခဲ့တဲ့ အရှေ့တောင်အာရှနိုင်ငံကစစ်ပွဲက အမေရိကန်လူမျိုး (၅၈,၃၁၈) ဦး အသက်ဆုံးရှုံးစေခဲ့တယ်လို့ သိရပါတယ်။ အမေရိကန်နိုင်ငံက COVID-19 ကြောင့် သေဆုံးသူအရေအတွက်များတဲ့အပြင် အခုဆိုရင် ဗိုင်းရပ်စ်ကူးစက်ခံရသူ (၁) သန်းကျော်ရှိနေပါပြီ။ ရောဂါကနေ ပြန်ကောင်းမွန်လာသူ (၁၁၈,၀၀၀) ဦး ကျော်ရှိနေပေမဲ့ ရောဂါမသက်သာသေးသူ (၈၅၇,၀၀၀) ရှိနေပါတယ်။

အမေရိကန်နိုင်ငံရဲ့ရောဂါကူးစက်ခံရသူအရေအတွက်က ကမ္ဘာတစ်ဝှမ်းမှာ ရောဂါကူးစက်ခံရသူ (၃) သန်းကျော်ရဲ့ သုံးပုံတစ်ပုံနီးပါးရှိတယ်လို့ သိရပါတယ်။ အမေရိကန်နိုင်ငံအတွင်းမှာပဲ နယူးယောက်မြို့ဟာ ရောဂါကူးစက်ခံရသူအားလုံးရဲ့ ၃၀ ရာခိုင်နှုန်းနားနီးနေပါတယ်။ အိမ်ဖြူတော်ရဲ့အာဏာပိုင်တွေကတော့ သေဆုံးသူစာရင်းက သြဂုတ်လထိ (၇၄,၀၀၀)ဦး လောက် များလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဒီအရေအတွက်က the Centers of Disease Control and Preventionရဲ့ ခန့်မှန်းအရေအတွက် (၁၀၀,၀၀၀) ထက် ပိုနည်းပါတယ်။

နေ့တိုင်း (၂၀၀,၀၀၀) ဝန်းကျင်ကို COVID-19 ပိုးစစ်ဆေးမှု လက်ခံဆောင်ရွက်ပေးနေပါတယ်။ ဒါပေမဲ့ ကျွမ်းကျင်ပညာရှင်တွေက အရေအတွက်များလာနိုင်တယ်လို့ သတိပေးထားပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရန့် ကတော့ အမေရိကန်စီးပွားရေးက နေရာတွေကို ပြန်ဖွင့်လာတဲ့အခါမှာ ပြန်ဦးမော့လာမှာဖြစ်တယ်လို့ မျှော်လင့်ထားပါတယ်။ “အခု ကျွန်တော်တို့နိုင်ငံက နောက်ထပ် လမ်းပွင့်လာနေပါပြီ။ အရမ်းရမ်းအောင်မြင်တော့မယ်လို့ ကျွန်တော်ထင်ပါတယ်။ လေးပုံတစ်ပုံက ကောင်းမွန်လာမှာပါ။ နောက်နှစ်က ဒီနိုင်ငံအတွက် ကောင်းတဲ့နှစ်ဖြစ်မယ်လို့ ကျွန်တော်ထင်တယ်။ ကျွန်တော်တို့ ဒါကို ကောင်းကောင်းကိုင်တွယ်ဖြေရှင်းနိုင်မှာပါ” လို့ ပြောပါတယ်။

မတ်လတုန်းက သတင်းစာရှင်းလင်းပွဲမှာ အမေရိကန်သမ္မတပြောခဲ့တာက ကပ်ရောဂါကြီးအဆုံးသတ်ဖို့ လူတိုင်းကူညီပေးဖို့ လိုအပ်ပါတယ်တဲ့။ “အမေရိကန်လူမျိုး မျိုးဆက်တိုင်းက နိုင်ငံတော်ကောင်းဖို့အတွက် အနစ်နာခံမှုတွေလုပ်ခဲ့ရပါတယ်။ အခု ကျွန်တော်တို့အချိန်ပါပဲ။ ကျွန်တော်တို့အားလုံး အတူတူရှိနေတဲ့အတွက် ကျွန်တော်တို့အတူတူကျော်လွှားမှာဖြစ်တဲ့အတွက် အတူတူအနစ်နာခံရပါမယ်။ ဒါက မမြင်နိုင်တဲ့စစ်ပွဲတစ်ခုပါပဲ” လို့ အမေရိကန်သမ္မတဒေါ်နယ်လ် ထရန့် က ပြောကြားခဲ့ပါတယ်။

Ref: More Americans Have Now Died From Coronavirus Than All US Fatalities In Vietnam War

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top