မန်ယူကနေ ထွက်ခွာရင် ရော်နယ်ဒိုရှိရာ ဂျူဗင်တပ်ကိုပဲ ပေါ့ဘာ ရွေးချယ်မှာပါလို့ ပြင်သစ်အသင်းဖော်ဟောင်း ဆို

1-4-2020-yyl-030.jpg

ဒီရာသီအကုန်မှာ မန်ယူကနေ ပေါ့ဘာထွက်ခွာဖြစ်ရင် ရီးရဲလ်ကို ပြောင်းရွှေ့မှာမဟုတ်ဘဲ ဂျူဗင်တပ်ကို ပြောင်းရွှေ့ဖို့ရှိတယ်လို့ ပြင်သစ်အသင်းဖော်ဟောင်း ဆက်ညာက ပြောပါတယ်။ အာဆင်နယ်နဲ့ မန်စီးတီး နောက်ခံလူဟောင်း ဆက်ဂညာဟာ ၂၀၁၃ ကနေ ၂၀၁၆ ခုနှစ်ကြားကာလအတွင်း ပြင်သစ်လက်ရွေးစင်အသင်းမှာ တွဲဖက်ကစားခဲ့ဖူးပါတယ်။ ပေါ့ဘာဟာ မန်ယူအသင်းမှာ မပျော်မရွှင်ဖြစ်နေပြီး ပြီးခဲ့တဲ့ရာသီမှာ အသင်းပြောင်းဖို့ လိုလားခဲ့တယ်လို့ သူ့ရဲ့အေးဂျင့် ရိုင်အိုလာက ပြောပါတယ်။

“နည်းပြကအစ အသင်းပိုင်ရှင်အဆုံး မန်ယူအသင်းမှာရှိတဲ့သူတိုင်း ပေါ့ဘာရဲ့စိတ်ဆန္ဒကို သိပါတယ်။ ပေါ့ဘာက အသင်းပြောင်းချင်တယ်ဆိုတာ အားလုံးသိပါတယ်။ ပေါ့ဘာရဲ့ခံစားချက်ကို အားလုံးသိပါတယ်’’လို့ ဆက်ဂညာက ပြောပါတယ်။ ပေါ့ဘာဟာ ဒီရာသီမှာ မန်ယူအတွက် ၈ ပွဲပဲ ကစားခွင့်ရထားပြီး ခြေကျင်းဝတ်ဒဏ်ရာကြောင့် ဘောက်ဆင်ဒေးနေ့နောက်ပိုင်း ပွဲကစားခွင့်မရခဲ့သူဖြစ်ပါတယ်။ ပေါ့ဘာကို ခေါ်ယူဖို့ ရီးရဲလ်က ရေပန်းအစားဆုံးဖြစ်နေပေမဲ့ ပေါ့ဘာကတော့ ရော်နယ်ဒိုနဲ့ တွဲကစားခွင့်ရမယ့် ဂျူဗင်တပ်အသင်းကိုပဲ ပြောင်းရွှေ့လိမ့်မယ်လို့ ဆက်ဂညာက ဆိုပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top