ပြင်သစ်ဘက်ကို ကားလို့စ်သွင်းယူခဲ့တဲ့ ကမ္ဘာကျော်ဖရီးကစ်ဂိုးရဲ့ လျှို့ဝှက်ချက်

3-6-2020-yyl-033.jpg

ပြင်သစ်အသင်းဘက်ကို သွင်းယူခဲ့တဲ့ ဘရာဇီးဂန္ထဝင်ကစားသမားဟောင်း ရောဘတ်တိုကားလို့စ်ရဲ့ ကမ္ဘာကျော်ဖရီးကစ်ဂိုး လျှို့ဝှက်ချက်အကြောင်းကို ပြန်လည်ဖော်ပြပေးချင်ပါတယ်။ လွန်ခဲ့တဲ့ ၂၃ နှစ်က ပြင်သစ်နဲ့ ဘရာဇီး ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ပြင်သစ်လူတံတိုင်းကို ဝေ့ဝိုက်ပြီး ဂိုးသမား ဘားသက်ဇ်ကို တုပ်တုပ်မျှ မလှုပ်နိုင်အောင် ဖြစ်စေခဲ့တဲ့ ကားလို့စ်ရဲ့ ဖရီးကစ်ကန်ချက်က ဘောလုံးပရိသတ်တွေကိုရော၊ ရူပဗေဒပညာရှင်တွေကိုပါ အံ့အားသင့်စေခဲ့ပါတယ်။ ၃၈ ကိုက်အကွာကနေ ကန်သွင်းခဲ့တဲ့ ကားလို့စ်ရဲ့ ဖရီးကစ်ကန်ချက်က ဘောလုံးသမိုင်းတစ်လျှောက် အကောင်းဆုံးဖရီးကစ်ဂိုးတစ်ဂိုးအဖြစ် သတ်မှတ်ခံထားရပါတယ်။

၂၀၁၅ ခုနှစ်က FourFourTwo မဂ္ဂဇင်းနဲ့ တွေ့ဆုံချိန်မှာ ရောဘတ်တိုကားလို့စ်က ” ပြစ်ဒဏ်ဘောကန်ရင် ဘောလုံးရဲ့အဆို့နေရာကိုပဲ ကန်တယ်။ အဲဒီနေရာက ဘောလုံးရဲ့ အမာဆုံးအစိတ်အပိုင်းဖြစ်လို့ အရှိန်ပိုပြင်းတယ်။ ကျွန်တော်က ဘောလုံးရဲ့ ဘယ်ဘက်အောက်ဖျားကနေ ညာဘက်ထိပ်ဖျားကို ပွတ်ကန်တတ်လို့ ဘောလုံးက ဝိုက်သွားတာပါ”လို့ ပြောပါတယ်။ ရောဘတ်တိုကားလို့စ်ရဲ့ ကန်ချက်ပါဝါ၊ ဘောလုံးထိချက်နဲ့ အကွာအဝေးတွေကို ချိန်ထိုးကြည့်လိုက်ရင် ဒီဂိုးက ပဉ္စလက်ဆန်လွန်းတယ်လို့ ဆော်ပေါ်လိုတက္ကသိုလ်ရဲ့ ရူပဗေဒပါမောက္ခ ဖွန်တာနာရီက ပြောပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top