အိန္ဒိယနိုင်ငံမှာ မျောက်ကျောက်ရောဂါ အတည်ပြုလူနာတစ်ဦး စတင်တွေ့ရှိ

15-7-2022-18.jpg

အိန္ဒိယနိုင်ငံမှာ မျောက်ကျောက်ရောဂါ ကူးစက်ခံရတဲ့ အတည်ပြုလူနာတစ်ဦး ပထမဆုံး တွေ့ရှိခဲ့တယ်လို့ အစိုးရအရာရှိတွေက ပြောပါတယ်။ အသက် ၃၅ နှစ်အရွယ် အမျိုးသားဟာ ဇူလိုင်လ ၁၂ ရက်မှာ ယူအေအီးနိုင်ငံကနေ အိန္ဒိယနိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ်ကို ပြန်ရောက်လာသူပါ။

သူ့ကို ဆေးရုံမှာ သီးသန့်ခွဲခြားထားပြီး စိတ်ချရတဲ့ ကျန်းမာရေးအခြေအနေ ရှိတယ်လို့ ပြည်နယ်ကျန်းမာရေးဝန်ကြီး ဝီနာဂျော့က ပြောပါတယ်။ အာဖရိကနိုင်ငံတချို့မှာပဲ ဖြစ်ပွားလေ့ရှိတဲ့ မျောက်ကျောက်ရောဂါဟာ လက်ရှိအချိန်မှာတော့ ဖြစ်လေ့ဖြစ်ထ မရှိတဲ့ နိုင်ငံ ၆၀ ကျော်အထိ ကူးစက်နေပြီး ကူးစက်ခံရသူ ၁၀၅၀၀ ကျော် ရှိနေပါတယ်။

ကူးစက်ရောဂါတစ်မျိုးဖြစ်တဲ့ မျောက်ကျောက်ရောဂါဟာ တုပ်ကွေးရောဂါနဲ့တူတဲ့ လက္ခဏာတွေ ခံစားရပြီး အရေပြားမှာ အဖု၊ အပိန့်တွေ ထတတ်ပါတယ်။ အတည်ပြုလူနာရဲ့ မိဘတွေနဲ့ တခြားထိတွေ့မှုရှိသူတွေ သီးသန့်ခွဲခြားထားသလို လေယာဉ်ပေါ်မှာ သူနဲ့အတူ လိုက်ပါလာတဲ့ ခရီးသည် ၁၁ ဦးနဲ့ အခြားထိတွေ့သူတွေကိုတော့ စောင့်ကြည့်နေတယ်လို့ ဝီနာဂျော့က ဆိုပါတယ်။

အိန္ဒိယနိုင်ငံ ပြည်ထောင်စုအစိုးရက ဒေသခံအာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့၊ အများပြည်သူဆိုင်ရာ ကျန်းမာရေးစည်းမျဉ်းတွေ ထုတ်ပြန်ဖို့ ကီရာလာပြည်နယ်ကို အဆင့်မြင့်အဖွဲ့တစ်ဖွဲ့ စေလွှတ်ထားပါတယ်။ အခြားပြည်နယ်တွေအနေနဲ့လည်း မျောက်ကျောက်ရောဂါ ကူးစက်နိုင်ခြေတွေကို စောင့်ကြည့်၊ စစ်ဆေးမှုတွေ တိုးမြှင့်လုပ်ဆောင်ဖို့ ပြည်ထောင်စုအစိုးရက တိုက်တွန်းထားပါတယ်။

Ref: India reports first case of monkeypox

NZ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top