မြင့်တက်လာတဲ့ စွမ်းအင်ကုန်ကျစရိတ်တွေကြောင့် ဝန်ထမ်းတွေကို လစဉ် ဘောနပ် ပေါင် ၂၀၀ ပေးနေတဲ့ ဗြိတိန်ကုမ္ပဏီသူဌေး

22-8-2022-yyl-09.jpg

ဗြိတိန်နိုင်ငံက ဆက်သွယ်ရေးစက်ပစ္စည်းကိရိယာတွေ ထုတ်လုပ်ဖြန့်ဖြူးတဲ့ကုမ္ပဏီတစ်ခုရဲ့မန်နေးဂျင်းဒါရိုက်တာဟာ စွမ်းအင်ကုန်ကျစရိတ်တွေ မြင့်တက်လာတာကြောင့် သူ့ကုမ္ပဏီဝန်ထမ်းတွေကို အကူအညီပေးတဲ့အနေနဲ့ လစဉ် ဘောနပ် ပေါင် ၂၀၀ ပေးနေပါတယ်။ သူကတော့ 4Com ကုမ္ပဏီရဲ့ ဒါရွန် ဟက်တ်ဆိုသူပါ။ ဒါရွန်ဟာ ပြီးခဲ့တဲ့အပတ်က သူ့ရဲ့အဖွဲ့သားတွေကို တွေ့ဆုံပြီး နောက်ထပ်အသိပေးချက်မထုတ်မချင်း အကျုံးဝင်နေမယ့် ကုမ္ပဏီရဲ့Energy Support Bonus အစီအစဉ်ကို ကြေညာခဲ့တာပါ။

ဝန်ထမ်း ၄၃၂ ဦးရဲ့ပူးပေါင်းပါဝင်ကြိုးစားအားထုတ်မှုနဲ့ ကုမ္ပဏီတိုးတက်လာတာကြောင့် အခုလို ဝန်ထမ်းတွေကို အကူအညီပေးနိုင်တာဖြစ်တယ်လို့ သူက ပြောပါတယ်။ ဗြိတိန်နိုင်ငံရဲ့ အခုနှစ်ဆောင်းရာသီမှာ စွမ်းအင်ကုန်ကျစရိတ်တွေက ပေါင် ၃၆၁၅ အထိ ရောက်ရှိနိုင်တယ်လို့ သတိပေးချက်ထွက်ရှိလာပြီးတဲ့နောက်မှာ 4Comရဲ့ဒီအစီအစဉ်အသစ် ဖြစ်လာခဲ့တာပါ။

ကုမ္ပဏီရဲ့ ခေါင်းဆောင်နှစ်ဦးဖြစ်တဲ့ မန်နေးဂျင်းဒါရိုက်တာ ဒါရွန် ဟက်တ်နဲ့ စီအီးအို ဂါရီ စကတ်တို့ဟာ မကြာသေးခင်က ကုမ္ပဏီရဲ့တိုးတက်မှုကို အမွှမ်းတင်ခဲ့ကြပြီး ဒီအောင်မြင်မှုတွေက ဘောနပ်အစီအစဉ်ကို အကောင်အထည်ဖော်နိုင်စေခဲ့တယ်လို့ မှတ်ချက်ပြုခဲ့ကြပါတယ်။ ဘွန်းမာ့တ်မြို့အခြေစိုက် 4Com ကုမ္ပဏီကို ၁၉၉၉ ခုနှစ်မှာ တည်ထောင်ခဲ့ပြီး ၂၀၁၇ ခုနှစ်က Sunday Times သတင်းစာရဲ့အကောင်းဆုံးကုမ္ပဏီ ၁၀၀ စာရင်းမှာ ထိပ်ဆုံးက ရပ်တည်ခဲ့ပါတယ်။

Ref: Dailymail “Britain’s best boss? Managing director of phone systems firm 4Com gives ALL of his 431 staff a £200-a-month bonus to help with rising energy bills”

WL(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top