မန်ယူအသင်းဖော်တစ်ယောက်နဲ့ သီးသန့်ခွဲခြားနေရမယ်ဆိုရင် မာတာကိုပဲ ရွေးမယ်လို့ ဘရူနိုဖာနန်ဒက်စ် ပြော

25-5-2020-yyl-015.jpg

မန်ယူအသင်းဖော်တစ်ယောက်နဲ့အတူ သီးသန့်ခွဲခြားနေထိုင်ရမယ်ဆိုရင် စပိန်ကွင်းလယ်လူ မာတာကိုပဲ ရွေးချယ်မယ်လို့ မန်ယူကွင်းလယ်လူသစ် ဘရူနိုဖာနန်ဒက်စ်က ပြောပါတယ်။ ဘရူနိုဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီလအပြောင်းအရွှေ့က မန်ယူကို ရောက်ရှိလာခဲ့သူဖြစ်ပြီး အချိန်တိုအတွင်းမှာပဲ ကွင်းတွင်း၊ ကွင်းပြင် အသားကျခဲ့ပါတယ်။ သူဟာ မန်ယူအတွက် ၃ ဂိုးသွင်းပြီး ၄ ဂိုး ဖန်တီးပေးနိုင်ခဲ့တဲ့အပြင် မန်ယူအသင်းမှာလည်း မိတ်ဆွေတွေ ရနေပါပြီ။

” အသင်းဖော်တစ်ယောက်နဲ့ သီးသန့်ခွဲခြားနေထိုင်ရမယ်ဆိုရင် ဟွမ်(မာတာ)ကိုပဲ ရွေးမယ်။ သူနဲ့အတူ နေရင် ကျွန်တော့်သီချင်းကို အချိန်ပြည့်နားထောင်လို့ရတယ်။ သူက ကျွန်တော့်ကို အမြဲသီချင်းဆိုပြတယ်။ ဒါက အိုးထရက်ဖို့ဒ်ရဲ့ အငွေ့အသက်မျိုးတော့ မဟုတ်ဘူး။ ဒါပေမဲ့ မာတာက သီချင်းကို နှလုံးသားထဲကနေ ဆိုတတ်သူပါ။ ကျွန်တော့်ကို သူ ဆိုပြတဲ့ သီချင်းတွေက အရမ်းကောင်းတယ်။ ပုံမှန်အားဖြင့်တော့ ကျွန်တော်က သူ့ထက် စောရောက်လေ့ရှိတယ်။ သူ မနက်စာစားဖို့ ရောက်လာရင် ကျွန်တော့်ကို သူ့လက်ပေးပြီး ဘရူနို၊ ဘရူနို၊ ဘရူနိုလို့ သီချင်းဆိုပြတယ်”လို့ ဘရူနိုဖာနန်ဒက်စ်က ပြောပါတယ်။

Nz (ရိိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top