ကိုရိုနာဗိုင်းရပ်စ်သစ်က တုပ်ကွေးနဲ့ပိုတူပြီး ထင်ထားတာထက် ပိုပြီးကူးစက်ပျံ့နှံ့နိုင်စွမ်းရှိ

yyl-024-10.jpg

Covid-19 (ကိုရိုနာဗိုင်းရပ်စ်သစ်) ကူးစက်ခံရသူ ၁၈ ယောက်ရဲ့ နှာခေါင်းနဲ့ လည်ခေါင်းမှာရှိတဲ့ နမူနာတွေကို လေ့လာမှုအရ အဲဒီဗိုင်းရပ်စ်ဟာ တခြားမျိုးတူဗိုင်းရပ်စ်တွေနဲ့ယှဉ်ရင် တုပ်ကွေးနဲ့ ပိုတူပြီး ကနဦးထင်မှတ်ထားတာထက် ပိုပြီးအလွယ်တကူပျံ့နှံ့နိုင်တယ်လို့ တရုတ်သိပ္ပံပညာရှင်တွေက ပြောပါတယ်။ ကနဦး လေ့လာတွေ့ရှိမှုအရ ကိုရိုနာဗိုင်းရပ်စ်သစ်ဟာ တခြားကိုရိုနာဗိုင်းရပ်စ်တွေလို မဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။

“ဒီအချက်ကို အတည်ပြုနိုင်ရင်တော့ တော်တော်အရေးကြီးပါတယ်’’လို့ ဗိုင်းရပ်စ်ဗေဒနဲ့ ကာကွယ်ဆေးဆိုင်ရာ သုတေသီ ဒေါက်တာပိုလန်က ပြောပါတယ်။ ရောဂါလက္ခဏာပြနေတဲ့ လူနာ ၁၇ ယောက်ကို စစ်ဆေးရာမှာ ရောဂါလက္ခဏာပြလာပြီး သိပ်မကြာခင်မှာပဲ ဗိုင်းရပ်စ်ပမာဏ မြင့်တက်လာတာကို တွေ့ရှိခဲ့ပါတယ်။ လည်ချောင်းထဲမှာထက် နှာခေါင်းထဲမှာ ဗိုင်းရပ်စ်ပမာဏ ပိုများနေတဲ့ အခြေအနေဟာ SARS ဗိုင်းရပ်စ်ထက်စာရင် တုပ်ကွေးရောဂါနဲ့ ပိုတူနေပါတယ်။ “ ဒီဗိုင်းရပ်စ်က အသက်ရှူလမ်းကြောင်း အပေါ်ပိုင်းကို ပိတ်ဆို့နိုင်ပြီး လူတွေက ရောဂါလက္ခဏာမပြဘဲ အသက်ရှူလမ်းကြောင်း ပိတ်ဆို့ခံနေရတယ်ဆိုတာကို ဒီအချက်က ထင်ထင်ရှားရှား ပြသနေပါတယ်’’လို့ ပိုလန်က ပြောပါတယ်။ လက်ရှိအချိန်မှာ ကိုရိုနာဗိုင်းရပ်စ်သစ်ကြောင့် ကမ္ဘာတစ်ဝန်းမှာ လူ ၂၁၂၆ ယောက် သေဆုံးခဲ့ပြီး(လူရှစ်ဦးမှလွဲ၍ တခြားသူအားလုံးမှာ တရုတ်နိုင်ငံတွင် သေဆုံးခဲ့ခြင်းဖြစ်သည်)ကူးစက်ခံရသူ ၇၅,၆၀၀ ရှိနေပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top