”အခုမှပဲ သိတော့တယ်”

20-6-2022-yyl34.jpg

ကလေးတွေဆိုတာ စူးစမ်းလိုစိတ်များတယ်လေ။ သူ့အမေခေါင်းမှာ ဆံပင်ဖြူတချို့ ပေါက်နေတာ ဘာကြောင့်လဲလို့ သူ အရမ်းသိချင်နေတယ်။

” အမေ့ခေါင်းမှာ တချို့ဆံပင်တွေ ဖြူနေတာ ဘာလို့လဲ”
အမေကလည်း သူ့သားကို ဆုံးမဖို့ အခွင့်ကောင်းကြုံပြီဆိုပြီး ဒီလို ဆိုသတဲ့။
” သားကြောင့်ပေါ့ကွယ်။ သားလေး တစ်ခါဆိုးတိုင်း အမေ့ခေါင်းက ဆံပင်တစ်ချောင်း ဖြူသွားတာလေ”

ဒါပေမဲ့ သားဖြစ်သူရဲ့ ရုတ်ခြည်းတုံ့ပြန်မှုကြောင့် အမေ့မှာ ဘာပြန်ပြောရမှန်း မသိအောင် ဖြစ်သွားရပါသတဲ့။

” ဪ . . . အခုမှပဲ သား သိတော့တယ်။ အဘွားတစ်ခေါင်းလုံး ဆံပင်ဖြူတွေ ဖြစ်နေတာ ဒါကြောင့်ကိုး” တဲ့။

(ရယ်မောခြင်းဖြင့် ဘဝအမောများ တဒင်္ဂ ပြေစေသော်)

Team(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top