မိခင်တစ်ယောက်က မုန်တိုင်းသင့် ပြည်သူတွေဆီ နို့ချိုလှူဒါန်း

Danielle-M-Palmer-696x489.jpg

အမေရိကန်နိုင်ငံရှိ ဟာဗေးမုန်တိုင်းဒဏ် ခံစားနေရတဲ့ မိခင်တွေနဲ့ နို့စို့ကလေးငယ်တွေအတွက် မစ်ဆူရီပြည်နယ်ရှိ မိခင်တစ်ဦးက သူမရဲ့နို့ချို ၆၅ပိုင့် (pints)ကို လှူဒါန်းပေးခဲ့ပါတယ်။ ဒန်နီရယ်ပန်လ်မာ (Danielle Palmer) ကိုယ်တိုင်မှာလည်း နို့စို့အရွယ် သားငယ်တစ်ဦးရှိပြီး သူမရဲ့သားလေး ထရက် (Truett) ဟာ အာဟာရအတွက် နို့ကိုပိုက်မှတဆင့် သွင်းပေးထားရပါတယ်။ ဒါ့ကြောင့် ဒန်နီရယ်ဟာ နို့ချိုများကို ပိုပိုလိုလို ထုတ်ထားရပါတယ်။ သူမက ပိုလျှံနေတဲ့ နို့ချိုများကို မုန်တိုင်းဒဏ်သင့်နေတဲ့ မိခင်များနဲ့ ကလေးငယ်တွေကို လှူဒါန်းဖို့ အကြံရခဲ့တာဖြစ်ပါတယ်။

“ကျွန်မတို့ဟာ တစ်ယောက်နဲ့တစ်ယောက် ကူညီကြရပါမယ်။ ဂရုစိုက်ရပါမယ်။ နို့ချိုတိုက်ကျွေးရတာဟာ တကယ်တော့ မလွယ်ကူပါဘူး။ နို့ဘူးနဲ့တိုက်တာပဲဖြစ်ဖြစ် ဒီတိုင်း နို့တိုက်တာပဲဖြစ်ဖြစ် မလွယ်ပါဘူး။ ကျွန်မတို့ဟာ ဝက်ဝံမေမေကြီးတွေလိုပါပဲ။ တစ်ယောက်နဲ့တစ်ယောက် ကာကွယ်ရပါမယ် ” လို့ သူမကပြောပါတယ်။ သူမရဲ့သားလေး ထရက်ဟာ မွေးရာပါနှလုံးရောဂါနဲ့ မွေးဖွားလာသူတစ်ဦး ဖြစ်ပါတယ်။ သူမရဲ့နို့ချို့ကို ကြိုထုတ်ထားပြီး ထရက်လေးအတွက် ပိုက်ကတစ်ဆင့် အာဟာရဖြစ်စေပါတယ်။ ထရက်လေးရဲ့ဆရာဝန်က သူမကို မုန်တိုင်းကြောင့် အစာရေစာငတ်ပြတ်နေရတဲ့ မိခင်နဲ့ကလေးတွေကိုပါ လှူဖို့ အကြံပြုခဲ့ပါတယ်။

အခုဆိုရင် နို့ပုလင်းတွေကို အကူအညီပေးတဲ့ အဖွဲ့အစည်းတွေက မုန်တိုင်းဒဏ်သင့်ပြည်သူတွေရှိတဲ့ ပြည်နယ်တွေဆီ ပို့ဆောင်ပေးနေပြီ ဖြစ်ပါတယ်။ တချို့သော နို့တိုက်မိခင်တွေဟာ အိမ်တွေကို စွန့်ခွာလာခဲ့ရပြီး အာဟာရပြတ်လတ်ပြီး ဒုက္ခရောက်နေကြတာမျိုး စိတ်ဖိစီးမှုတွေကြောင့် နို့မထွက်တော့တာမျိုးတွေ ရှိတာကြောင့် ဒန်နယ်လီရဲ့ အကူအညီဟာ အများကြီးထိရောက်ပါတယ်။ အအေးခံထားတဲ့ နို့ချိုတစ်ပုလင်းဟာ ခြောက်လအထိ ခံပါတယ်။ သေချာစစ်ဆေး ပိုးသတ်ထားပေးပါတယ်လို့ သူမကဆိုပါတယ်။

Ref: Daily Mail: Missouri mom donates 65 pints of her frozen breast milk to Harvey survivors

Sophia(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top