ဟာရီကိန်းအီမာကြောင့် ကာရေဘီယန်မြောက်ပိုင်း ကျွန်းများတွင် လူသေဆုံးမှုများ

irma-hurricane-puerto-rico-02-rtr-jc-170906_4x3_992.jpg

ကာရေဘီယန်ဒေသ မြောက်ဘက်ပိုင်းရှိကျွန်းများမှာ ဟာရီကိန်းမုန်တိုင်း အီမာ ဝင်ရောက်တိုက်ခတ်ခဲ့တဲ့အတွက် လူသေဆုံးမှုများနဲ့ ပျက်စီးဆုံးရှုံးမှုများစွာ  ဖြစ်ပေါ်ခဲ့ပါတယ်။ ကာရေဘီယံ ကျွန်းနိုင်ငံဖြစ်တဲ့ အန်တီကွာနဲ့ ဘာဘူဒါ (Antigua and Barbuda)မှာတော့ ဟာရီကိန်းမုန်တိုင်း အီမာကြောင့် အပျက်အစီးများပြားခဲ့ကြောင်း ကို အန်တီကွာနဲ့ ဘာဘူဒါ နိုင်ငံဝန်ကြီးချုပ်ဖြစ်တဲ့ ဂါစတန် ဘရောင်း (Gaston Browne) ကပြောဆိုခဲ့ပါတယ်။

ဟာရီကိန်းမုန်တိုင်း အီမာကြောင့် လူ ၃ ယောက် သေဆုံးခဲ့ရပြီး အစိုးရ အဆောက်အဦးများနဲ့ လူနေအိမ်အများအပြား ပျက်စီးခဲ့ပြီး ဆက်သွယ်ရေးများလည်း ပျက်တောက်နေတယ် လို့သိရပါတယ်။ ဟာရီကိန်းမုန်တိုင်း အီမာဟာ မုန်တိုင်းအမျိုးအစားသတ်မှတ်ချက်အဆင့် ၅ ထဲမှာ ပါဝင်ပြီး အတ္တလန်တိတ် သမုဒ္ဒရာတွင် ဖြစ်ပွားခဲ့သမျှ မုန်တိုင်းထဲမှာ အားအကောင်းဆုံး မုန်တိုင်းတစ်ခုလည်း ဖြစ်ပါတယ်။

https://www.youtube.com/watch?v=fnhqKT0QAWc

လက်ရှိအချိန်မှာတော့ အန်တီကွာ ဘာဘူဒါ နိုင်ငံမှာ ရေနဲ့ ဆက်သွယ်ရေးစနစ် များပျက်တောက်နေပြီး နိုင်ငံရဲ့ တစ်ခုတည်းသော လေဆိပ်ကိုလည်း ပိတ်ထားရတဲ့အတွက် ကယ်ဆယ်ရေး အထောက်အပံ့ပစ္စည်းများကို လှေများ၊ ရဟတ်ယာဉ်များနဲ့သာ ပို့ဆောင် ပေးနေရတယ်လို့ ဝန်ကြီးချုပ် ဂါစတန် ဘရောင်းကပြောဆိုခဲ့ပြီး ပျက်ဆီးအဆောက်အဦးများရဲ့ တန်ကြေးဟာ ခန့်မှန်းခြေ ဒေါ်လာ သန်း ၁၀၀ ခန့်ရှိမယ်လို့ ပြောဆိုခဲ့ပါတယ်။

ဟာရီကိန်းမုန်တိုင်း အီမာရဲ့ ဗဟိုချက်လေပြင်းတိုက်ခတ်နှုန်းဟာ တစ်နာရီ ၁၈၅ မိုင်ရှိပြီး ကာရေဘီယန်ဒေသအတွင်းရှိ အမေရိကန်ပိုင်း ဗာဂျင်ကျွန်းများနဲ့ ဗြိတိန်ကျွန်းများဆီသို့ ဆက်လက်ရွှေ့လျားသွားနေပါတယ်။

Ref : CNN  News : Deaths reported as Hurricane Irma batters northern Caribbean islands

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top