တွစ်တာမှာ One Direction ထက်ကျော်ပြီး ဖော်လိုဝါအများဆုံးအဆိုအဖွဲ့ဖြစ်လာခဲ့တဲ့ BTS

23-12-2020-yyl11.jpg

ကမ္ဘာကျော်အောင်လုပ်နိုင်ခဲ့တဲ့ ကေပေါ့ပ်အဖွဲ့ BTS ဟာ အောင်မြင်မှုတွေ တစ်ခုပြီး တစ်ခုရရှိနေပါတယ်။ အခုလည်း နောက်ထပ်အောင်မြင်မှုမှတ်ကျောက်တင်လိုက်ပြန်ပါပြီ။ အခုဆိုရင် တွစ်တာမှာ BTS အဖွဲ့ဟာ ဖော်လိုဝါအများဆုံးအဆိုအဖွဲ့ဖြစ်လာခဲ့ပါတယ်။ အခုအပတ်မှာ သူတို့အဖွဲ့ရဲ့ဖော်လိုဝါအရေအတွက်က ဖော်လိုဝါအများဆုံးဖြစ်ခဲ့တဲ့ One Direction အဖွဲ့ထက် ကျော်လွန်ပြီး ဖော်လိုဝါ (၃၁.၅၂) သန်း ရှိသွားခဲ့ပါတယ်။

အခုနှစ်မှာ BTS အဖွဲ့ဟာ တွစ်တာမှာ ဂီတနဲ့ပတ်သက်ပြီး Active ဖြစ်ခဲ့ပါတယ်။ အဖွဲ့ဝင် Jungkook ရဲ့ တွစ်တာပို့စ်တစ်ခုကလည်း လူမှုကွန်ယက်ပေါ်မှာ ဒုတိယပြန်လည်မျှဝေမှုအများဆုံးပို့စ်ဖြစ်ခဲ့ပါတယ်။ သူတို့အဖွဲ့က တွစ်တာမှာ ဖော်လိုဝါတွေကို နှစ်တော်တော်ကြာဆွဲဆောင်ထားနိုင်ခဲ့တဲ့ အဖွဲ့လည်းဖြစ်ပါတယ်။

အခုနှစ်မှာ One Direction အဖွဲ့က (၁၀) နှစ်ပြည့်အထိမ်းအမှတ်ပွဲလုပ်ခဲ့ပေမဲ့ ၂၀၁၆ခုနှစ်မှာ အဖွဲ့ကို ရပ်နားပစ်လိုက်ကတည်းက သူတို့ရဲ့တွစ်တာအကောင့်က အရမ်း Active မဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့ အဖွဲ့ဝင်တစ်ယောက်ချင်းစီရဲ့ တွစ်တာအကောင့်တွေကတော့ ဖော်လိုဝါ သန်း (၃၀) ကျော်ရှိကြပါတယ်။

BTS အဖွဲ့ရဲ့တရားဝင်ကိုယ်ပိုင်အကောင့် https://twitter.com/BTS_twt က ဖော်လိုဝါ (၃၁.၅၂) သန်းဖြစ်ပြီး သူတို့ရဲ့ Promotional အကောင့် https://twitter.com/bts_bighit ကတော့ ဖော်လိုဝါ (၂၆) သန်းရှိပါတယ်။ မကြာသေးခင်ကလည်း သူတို့အဖွဲ့က Time မဂ္ဂဇင်းရဲ့ the Entertainers of the Year အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

BTS အဖွဲ့နဲ့ One Direction အဖွဲ့တွေပြီးရင် Coldplay အဖွဲ့က ဖော်လိုဝါ ၂၃ သန်းနဲ့ တတိယဖော်လိုဝါအများဆုံးအဆိုအဖွဲ့ဖြစ်ပါတယ်။ ဒီအဖွဲ့ကလည်း တစ်ဦးချင်းစီရဲ့အကောင့်မှာထက် အဖွဲ့ရဲ့အကောင့်မှာ Active မဖြစ်ကြပါဘူး။ လက်ရှိမှာတော့ တွစ်တာဖော်လိုဝါအများဆုံးပုဂ္ဂိုလ် ထိပ်ဆုံး (၅) ဦးကတော့ အမေရိကန်သမ္မတဟောင်း ဘာရက် အိုဘားမား၊ ဂျက်စတင်ဘီဘာ၊ ကေတီ ပယ်ရီ၊ ရီဟားနား၊ ဘောလုံးအကျော်အမော် ခရစ္စတီယာနို ရော်နယ်ဒိုတို့ပါပဲ။

BTS အဖွဲ့ရဲ့တွစ်တာအကောင့်မှာ မကြာသေးခင်က တင်ထားတဲ့ ပို့စ်တွေကတော့ ဒီဇင်ဘာ ၁၈ ရက်နေ့က ကျင်းပခဲ့တဲ့ KBS Music Festival မှာ ရိုက်ခဲ့တဲ့ သူတို့အဖွဲ့ရဲ့Selfie ပုံတွေပါပဲ။

Ref: SCMP “BTS members make Twitter history as most-followed band in the world, taking over from British boy band One Direction”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top